News

POST TYPE

SPORTS

ဘောလုံးလောကကို ကျောခိုင်းရန်အထိပင် စဉ်းစားမိခဲ့ကြောင်း လုခ်ရှော ဖွင့်ဟ

မန်ချက်စတာ၊ စက်တင်ဘာ ၅

မန်ယူဘယ်နောက်ခံကစားသမား လုခ်ရှောသည် ၎င်းအနေနှင့် ဒဏ်ရာများဖြင့် အဆက်မပြတ် ရုန်းကန်ခဲ့ရသောကာလအတွင်း ဘောလုံးလောကကို ကျောခိုင်း၍ ကစားသမားဘ၀က အနားယူလိုက်ရန်အထိပင် စဉ်းစားမိခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

လုခ်ရှောသည် ၂၀၁၅ ခုနှစ်တွင် ခြေထောက်ရိုးကျိုးဒဏ်ရာရရှိပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်လိုက်ရပြီး ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာချိန်တွင်လည်း မူလခြေစွမ်းမျိုး ပြန်လည်ရရှိခြင်း မရှိသောကြောင့် နည်းပြ မော်ရင်ညိုက ၎င်းကို အသင်းလူစာရင်းမှနေ၍ ဖယ်ထုတ်ထားမှုများပင် ရှိခဲ့ဖူးသည်။

လုခ်ရှောသည် လက်ရှိဘောလုံးရာသီတွင်မူ အသင်း၏အဓိကပွဲထွက်ကစားသမားများအဖြစ် နေရာပြန်လည်ရရှိနေပြီဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ထည့်သွင်းခံထားရပြီဖြစ်ကာ ၎င်းအနေနှင့် အလျှော့မပေးသည့်စိတ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့သော အခြေအနေတစ်ရပ်ကို ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိခြင်းဖြစ်သည်ဟု လုခ်ရှောက ပြောကြားသွားခဲ့သည်။

လုပ်ခ်ရှောနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် တစ်နှစ်သာ ကျန်ရှိတော့ပြီး အသင်းဘက်က ၎င်းကို စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းထားပြီဖြစ်သော်လည်း လုခ်ရှောကမူ စာချုပ်သစ်နှင့်ထိုက်တန်သောခြေစွမ်းမျိုးကို ထုတ်ဖော်ပြသပြီးမှသာ စာချုပ်သစ်ကို လက်မှတ်ထိုးမည်ဟု ပြောကြားထားသည်။