News

POST TYPE

SPORTS

အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ထိုင်းအသင်း ဆုတံဆိပ်ပေါင်း ၁၄၁ ခု ဆွတ်ခူး
04-Sep-2018 tagged as Thailand Olympic Games Mathematics


ဘန်ကောက်၊ စက်တင်ဘာ ၎

ဟောင်ကောင်နိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ဆုတံဆိပ်ပေါင်း ၁၄၁ ခုအထိ ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲကိုကျင်းပလာခဲ့သည်မှာ ၅၉ ကြိမ်မြောက်ရှိလာခဲ့ပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ မူလတန်းကျောင်းသား ၁၇၀ ကို ရွေးချယ်စေလွှတ်၍ ယင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၅၉ ခု၊ ကြေးတံဆိပ် ၄၀ ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲကို လွန်ခဲ့သည့်သောကြာနေ့မှစတင်၍ တနင်္လာနေ့တိုင်သည်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းဆွတ်ခူးရရှိသော ဆုတံဆိပ်များအနက် ချန်ပီယံရှစ်အဆင့် ဆုတံဆိပ် လေးခုနှင့် ကမ္ဘာ့ကြယ်ပွင့်အဆင့် ဆုတံဆိပ် နှစ်ခု ပါဝင်ခဲ့သည်။

အသက် ၁၁ နှစ်အရွယ်ရှိ ထိုင်းကျောင်းသားငယ် သာဝန်းသည် ပြိုင်ပွဲဝင်ကစားသမားများအနက် ဒုတိယမြောက် အမှတ်အများဆုံးရယူနိုင်သူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၎င်းမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း ၁,၃၀၀ ကို ကျော်ဖြတ်၍ ယင်းအောင်မြင်မှုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲ၏နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဟောင်ကောင်၊ ကာဂျစ္စတန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ ဘူဂေးရီးယားနှင့် အီရန်နိုင်ငံတို့မှ ပြိုင်ပွဲဝင်များသာ တက်ရောက်နိုင်ခဲ့ကြသည်။