News

POST TYPE

SPORTS

အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းကို မော်ရင်ညို လက်ခံ
04-Sep-2018


မက်ဒရစ်၊ စက်တင်ဘာ ၎

မန်ယူနည်းပြ မော်ရင်ညိုသည် စပိန်နိုင်ငံရှိ အေလာကွန်တရားရုံတော်က ၎င်းကို အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချလိုက်ခြင်းကို လက်ခံပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ပုံရိပ်အသုံးပြုခွင့်နှင့်သက်ဆိုင်သော ၀င်ငွေများအတွက် အခွန်ဆောင်ရန် နှစ်ကြိမ်ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ပြစ်မှုတစ်ခုစီအတွက် ထောင်ဒဏ်ခြောက်လစီ မော်ရင်ညိုကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အေလာကွန်တရားရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် ထောင်ဒဏ်ပြစ်ဒဏ်ကို လက်ခံလိုက်သော်လည်း အကျဉ်းထောင်သို့သွားရောက်ကာ အကျဉ်းသားဘ၀ကို ဖြတ်သန်းရမည်မဟုတ်ဘဲ စပိန်နိုင်ငံ၏ပြဌာန်းဥပဒေအရ ၂ နှစ်နှင့်အောက် ထောင်ဒဏ်များကို အကျဉ်းထောင်ပြင်ပတွင် ခြေချုပ်ဖြင့် ဖြတ်သန်းနိုင်သော အခွင့်အရေးရှိသည့်အတွက် မော်ရင်ညိုမှာ ၎င်း၏အလုပ်ကို ပုံမှန်အတိုင်းပင် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဖြစ်သည်။

မော်ရင်ညိုသည် ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ပုံရိပ်အသုံးပြုခွင့်ဆိုင်ရာ စပွန်ဆာစာချုပ်များကတစ်ဆင့် ၀င်ငွေ ပေါင် ၂ ဒသမ ၉ သန်း ရှာဖွေရရှိခဲ့ပြီး အေလာကွန်တရားရုံးတော်ကမူ မော်ရင်ညိုကို ထောင်ဒဏ်အပြင် လျော်ကြေးငွေ ပေါင် ၁ ဒသမ ၇၈ သန်းပေးရန်လည်း စီရင်ချက်ချထားသည်။