News

POST TYPE

SPORTS

အန္တရာယ်ထဲ ကျရောက်နေပြီဟု မယူဆမိကြောင်း မော်ရင်ညို ဖွင့်ဟ၊ ရာထူးထုတ်ပါက မန်ယူမှာ အကုန်အကျများလိမ့်မည်ဟု အရွှန်းဖောက်
03-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရာထူးထုတ်ပယ်ခံရမည့်အရေးကို ကြောက်ရွံ့ခြင်း မရှိကြောင်း ပြောကြားသွားခဲ့ပြီး မန်ယူမှာ ၎င်းကို ရာထူးထုတ်ပယ်မည်ဆိုပါက အကုန်အကျ လွန်စွာများလိမ့်မည်ဟုလည်း မော်ရင်ညိုက အရွှန်းဖောက်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။

မန်ယူသည် မော်ရင်ညိုကိုလွန်ခဲ့သည့်ဇန်နဝါရီလ၌ တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအတွက် လက်ရှိအချိန်တွင် မော်ရင်ညိုကို ရာထူးထုတ်ပယ်မည်ဆိုပါက မန်ယူမှာ လျော်ကြေးအဖြစ် ပေါင်သန်း ၃၀ ပေးရလိမ့်မည်ဖြစ်သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် အကျပ်အတည်းများ၊ အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီဟုလည်း မယူဆမိကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး ဘန်လေကို အနိုင်ရရှိလိုက်ခြင်းက အသင်းကို ကြီးမားသော အပြောင်းအလဲ အရွေ့တစ်ရပ် ဖြစ်ပေါ်လာစေလိမ့်မည်ဟု ယူဆမိကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

ဘရိုက်တန်နှင့် စပါးတို့ကို မန်ယူအသင်း နှစ်ပွဲဆက် အရေးနိမ့်လိုက်ရအပြီးတွင် နည်းပြ မော်ရင်ညို ရာထူးထုတ်ပယ်ခံရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ၎င်းကမူ ယင်းသတင်းများကို ဂရုမစိုက်ဘဲ အသင်းအတွက် ရလဒ်ကောင်းရယူပေးနိုင်ရေးကိုသာ အာရုံစိုက်ထားခဲ့ကြောင်းလည်း မော်ရင်ညိုက ပြောကြားသွားခဲ့သည်။