News

POST TYPE

SPORTS

မော်ရင်ညိုကို ရာထူးထုတ်ပယ်ပါက ပရိသတ်များ၏ဆန့်ကျင်မှုကို မန်ယူဘုတ်အဖွဲ့ ရင်ဆိုင်ရဖွယ်ရှိ
03-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်မည်ဆိုပါက ပရိသတ်များ၏ဆန့်ကျင်မှုဖြင့် ကျိန်းသေရင်ဆိုင်ရနိုင်ကြောင်း The Sun က ရေးသားထားသည်။

မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို တက်ရောက်အားပေးကြည့်ရှုခဲ့သည့် မန်ယူပရိသတ်များသည် ပွဲကစားနေချိန်အတွင်း မော်ရင်ညိုကို ကြွေးကြော်သံများဟစ်အော်၍ ထောက်ခံအားပေးခဲ့ကြပြီး အသင်းအတွက် လိုအပ်သော အင်အားဖြည့်တင်းမှုများ ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့သော အသင်းဒါရိုက်တာဘုတ်အဖွဲ့ကိုမူ ၎င်းတို့က လှောင်ပြောင် ပြက်ရယ်ပြုသွားခဲ့ကြသည်။

မော်ရင်ညိုသည် မန်ယူက ဘန်လေကို အနိုင်ရရှိခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူပရိသတ်များရှိရာ ပွဲကြည့်စင်ရှေ့သို့ သွားရောက်၍ ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ပြီး ၎င်း၏အပေါ်ဝတ်ဂျက်ကက်အင်္ကျီကိုလည်း နိုင်ပွဲရရှိခြင်း အထိမ်းအမှတ်အဖြစ် မော်ရင်ညိုက ပရိသတ်များကို ပစ်ပေါက်လွှင့်တင် ပေးအပ်သွားခဲ့သေးသည်။

မန်ယူပရိသတ်များသည် စပါးက မန်ယူကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌လည်း ပွဲပြီးချိန်တွင် ၎င်းတို့ရှိရာ ပွဲကြည့်စင်များသို့ မော်ရင်ညို လာရောက်နှုတ်ဆက်ချိန်၌ မော်ရင်ညို၏အမည်ကို သီချင်းလုပ်ဆို ဂုဏ်ပြုခဲ့ကြပြီး ဘန်လေနှင့်ပွဲတွင် အ၀တ်လဲခန်းရှိရာသို့ မော်ရင်ညို ၀င်ရောက်သွားချိန်ထိတိုင် မန်ယူပရိသတ်များက လက်ခုပ်တီး၍ ချီးကျူးထောပနာပြုပေးခဲ့ကြသည်။