News

POST TYPE

SPORTS

စီရော်နယ်ဒိုကို မခေါ်ယူရန် အက်ဒ်ဝုဒ်ဝါးဒ်ကို မော်ရင်ညို တားမြစ်ခဲ့ခြင်းဖြစ်
02-Sep-2018


မန်ချက်စတာ၊ စက်တင်ဘာ ၂

မန်ယူနည်းပြ မော်ရင်ညိုသည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် စီရော်နယ်ဒိုကို ခေါ်ယူရန် အခွင့်အရေးတစ်ရပ် ရရှိခဲ့သော်လည်း အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ကို ယင်းအပြောင်းအရွှေ့အတွက် လုံးဝငွေမသုံးရန် သတိပေးတားမြစ်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အက်ဒ်ဝုဒ်ဝါးဒ်သည် အသင်းကစားသမားဟောင်း စီရော်နယ်ဒိုကို မန်ယူထံသို့ ပြန်လည်ခေါ်ယူရန် အလွန်အမင်း ဆန္ဒရှိခဲ့ပြီး မော်ရင်ညိုက အသက် ၃၃ နှစ်အရွယ် ကစားသမားတစ်ယောက်အတွက် ပေးရမည့် ပြောင်းရွှေ့ကြေးနှင့် လုပ်ခလစာမှာ မတန်တဆ များလွန်နေသည်ဟု အကြောင်းပြချက်ပေး၍ ယင်းအပြောင်းအရွှေ့ကို မဖြစ်မြောက်စေရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုသည် မန်ယူအင်အားဖြည့်ရမည်မှာ တိုက်စစ်မဟုတ်ဘဲ ခံစစ်သာဖြစ်သည်ဟု အကြိမ်ကြိမ် သတိပေးခဲ့ပြီး ယင်းသတိပေးစကားကို အက်ဒ်ဝုဒ်ဝါးဒ်က လျစ်လျူရှုခဲ့ခြင်းကြောင့် အသင်းအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာရခြင်းဟု မော်ရင်ညိုက ယူဆလျက်ရှိသည်။

မော်ရင်ညိုသည် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲရာတွင် မန်ယူမှာ ဂျူဗင်တပ်၊ ဗလင်စီယာတို့နှင့် တစ်အုပ်စုတည်း ကျရောက်သွားခဲ့သော်လည်း စိုးရိမ်ပူပန်မှု မဖြစ်မိကြောင်း အသိပေးထားပြီး ယခုကဲ့သို့ ရေပန်းမစားသည့် အခြေအနေမျိုးဖြင့် ကစားရသည်မှာ အသင်းရှိကစားသမားများအတွက် ဖိအားလျော့နည်းစေလိမ့်မည်ဟု မော်ရင်ညိုက အကောင်းမြင်ထားသည်။