News

POST TYPE

SPORTS

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မည်ဆိုပါက ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အနက်မှ တစ်သင်းကို ရွေးဖြစ်နိုင်သည်ဟု နေမာ ပြောကြား
02-Sep-2018 tagged as Soccer Neymar PSG Ligue


ပဲရစ်၊ စက်တင်ဘာ ၂

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်းအနေနှင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့၍ ကစားသမားဘ၀ဖြတ်သန်းဖြစ်ခဲ့မည်ဆိုပါက ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အနက်မှ တစ်သင်းကို ရွေးချယ်ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

နေမာသည် ၎င်းအနေနှင့် လန်ဒန်လူနေမှုဘ၀ကို လွန်စွာ သဘောကျနှစ်ခြိုက်ကြောင်း ဖွင့်ဟ၀န်ခံထားပြီး လက်ရှိတွင်လည်း နေမာမှာ အင်္ဂလိပ်စကားပြော သင်ကြားလေ့လာနေခြင်းကြောင့် ၎င်းမှာ ပရီးမီးယားလိဂ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာနိုင်သည်ဟု ထင်ကြေးပေးခံရလျက်ရှိသည်။

မန်ယူနှင့် မန်စီးတီးတို့သည် လွန်ခဲ့သည့်လအနည်းငယ်ခန့်က နေမာကို ခေါ်ယူရန်အတွက် ချဉ်းကပ်မှုများရှိခဲ့ပြီး နေမာနှင့် ပီအက်စ်ဂျီအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်မှာ သက်တမ်းအားဖြင့် လေးနှစ်ကျန်ရှိနေသေးသည့်အတွက် ၎င်းကို ခေါ်ယူနိုင်ရေးမှာ ခက်ခဲနေဆဲဖြစ်သည်။

နေမာသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖြစ်ပါက ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အနက်မှ တစ်သင်းကို ရွေးချယ်လိုလျက်ရှိသော်လည်း ပီအက်စ်ဂျီက ၎င်းအတွက် သတ်မှတ်ထားသော ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၃၀၊ ၎င်း၏တစ်နှစ်လုပ်ခ ပေါင် ၃၃ သန်းတို့မှာ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်ဖွယ်ရှိနေပြီး မန်စီးတီးနှင့် မန်ယူတို့ကမူ နေမာကို ခေါ်ယူလိုပါက ယင်းပြောင်းရွှေ့ကြေးနှင့် လုပ်ခလစာကို လွယ်လင့်တကူပင် ပေးချေနိုင်စွမ်းရှိနေသည်။