News

POST TYPE

SPORTS

ဖခင်မဲ့သည့်ဒဏ်က ပေါ့ဂ်ဘာကို ရိုက်ခတ်နေသည်ဟု ကရမ်ဘူး ပြောကြား၊ ဖခင်တစ်ဦး၏နွေးထွေးမှုမျိုး မော်ရင်ညို ပေးရန်လိုကြောင်း တိုက်တွန်း

မန်ချက်စတာ၊ စက်တင်ဘာ ၂

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ကရမ်ဘူးသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာမှာ ဖခင်မဲ့သည့်ဒဏ်၏ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟု မှတ်ချက်ပေးထားပြီး မော်ရင်ညိုမှာ ပေါ့ဂ်ဘာကို ဖခင်တစ်ဦးကဲ့သို့သော နွေးထွေးမှုမျိုးကို ပေးနိုင်မည်ဆိုပါက ၎င်းတို့နှစ်ဦးအကြားရှိ ဆက်ဆံရေးမှာ ပြန်လည်အဆင်ပြေသွားလိမ့်မည်ဟု ကရမ်ဘူးက တိုက်တွန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။

ကရမ်ဘူးသည် ပေါ့ဂ်ဘာမှာ ဖခင်ကွယ်လွန်သွားပြီးသည့်နောက်၌ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများ ခံစားနေရကြောင်း မှတ်ချက်ပေးထားပြီး မော်ရင်ညိုမှာ ပေါ့ဂ်ဘာကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေရန် အကာအကွယ်များပေးနိုင်မည်ဆိုပါက ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးပင် တမုဟုချင်းပင် တိုးတက်ကာ ပေါ့ဂ်ဘာမှာလည်း ပုံစံကောင်းများ ပြန်ရသွားလိမ့်မည်ဟု ကရမ်ဘူးက သုံးသပ်ထားသည်။

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည်လည်း မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိပြီးနောက် များမကြာမီတွင် ဖခင်ကွယ်လွန်သွားသောအခြေအနေကို ရင်ဆိုင်ခဲ့ရဖူးပြီး ယင်းအချိန်က ဖာဂူဆန်မှာ စီရော်နယ်ဒိုကို သားအရင်းတစ်ဦးသဖွယ် စောင့်ရှောက်ခဲ့ခြင်းကြောင့် လက်ရှိတွင် စီရော်နယ်ဒိုကလည်း ဖာဂူဆန်ကို ဖခင်တစ်ဦးသဖွယ် လေးစားတန်ဖိုးထားမှုများရှိနေပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပေါ့ဂ်ဘာက “လူတိုင်းအတွက် မိဘဆိုတာက နည်းပေးလမ်းပြတွေပါပဲ။ ပေါ့ဂ်ဘာဟာ သူ့ဖခင် ကွယ်လွန်သွားတာကြောင့် စိတ်ဒဏ်ရာရရှိနေပါတယ်။ သူ့အပေါ်မှာ ဖခင်တစ်ဦးလို နွေးထွေးမှုပေးနိုင်မယ့်သူမျိုးကို ပေါ့ဂ်ဘာ လိုအပ်နေတာ မော်ရင်ညို နားလည်ရမှာပါ။ ပေါ့ဂ်ဘာရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မော်ရင်ညို ကုစားပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုဆိုရင် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ချက်ချင်းပဲ ပြန်လည်ကောင်းမွန်သွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။