POST TYPE
SPORTS
နည်းပြပြောသည့်နေရာတွင်သာ အိုဇေးလ် ကစားရမည်ဟု ယူနိုင်းအမ်မရီ သတိပေး
01-Sep-2018

လန်ဒန်၊ စက်တင်ဘာ ၁
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် အသင်းကွင်းလယ်ကစားသမား အိုဇေးလ်ကို ၎င်းကစားခိုင်းသည့်နေရာတွင်သာ ကစားရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ အိုဇေးလ်မှာ ၎င်းအားသန်သည့် ကွင်းလယ်ဗဟိုနေရာတွင် ကစားရဖွယ် မရှိနိုင်တော့ကြောင်း Daily Mail က ဖော်ပြထားသည်။
အိုဇေးလ်သည် အာဆင်နယ်က ၀က်စ်ဟမ်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းအားသန်သည့်နေရာ၌ မကစားရသည့်အတွက် အဖျားဝေဒနာခံစားနေရသည်ဟု အကြောင်းပြကာ အသင်းလူစာရင်းမှနေ၍ နုတ်ထွက်သွားခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် အာဆင်နယ်အသင်းပရိသတ်များကလည်း အိုဇေးလ်၏အသင်းအပေါ်တွင်ထားရှိသောစိတ်ထားကို မေးခွန်းထုတ်နေကြပြီဖြစ်သည်။
နည်းပြ ယူနိုင်းအမ်မရီသည် အိုဇေးလ်ကို လေ့ကျင့်ရေးအစီအစဉ်များတွင် ယခုထက်ပို၍ အားထည့်ကြိုးစားရန်လည်း တိုက်တွန်းတောင်းဆိုလျက်ရှိပြီး ၎င်းမှာ အိုဇေးလ်ကို ကွင်းလယ်ဗဟိုထက် တိုက်စစ်ညာခြမ်းတွင် ကစားစေလိုလျက်ရှိကြောင်း ယူနိုင်းအမ်မရီက ပြောကြားထားသည်။
သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ယူနိုင်းအမ်မရီက “အိုဇေးလ်ကို အခုအချိန်ကစပြီး သတိပေးလိုက်ပါရစေ။ သူကစားချင်တဲ့နေရာမှာ သူ့ကို ပေးကစားမှာ မဟုတ်ပါဘူး။ ကျွန်တော်က ကစားခိုင်းတဲ့နေရာမှာပဲ သူက ကစားရပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်မှာတုန်းက အိုဇေးလ်ဟာ ကွင်းလယ်ဗဟိုသာမကဘဲ တိုက်စစ်ညာခြမ်းမှာပါ လိုက်ကစားပေးရတာကို ကျွန်တော် မြင်ဖူးပြီးသားပါ။ ဒီတော့ အခုအချိန်မှာလည်း အသင်းအတွက် တိုက်စစ်ညာခြမ်းကနေ အလုပ်လုပ်ပေးဖို့ သူ ကြိုးစားရပါလိမ့်မယ်”ဟု အသိပေးသွားခဲ့သည်။
- VIA
- Aung Naing Win
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
15-Feb-2019