News

POST TYPE

SPORTS

သစ်သီးဖျော်ရည်များ မသောက်ရဟု ယူနိုင်းအမ်မရီ တားမြစ်
30-Aug-2018 tagged as Soccer Premier League Arsenal Unai Emery


လန်ဒန်၊ သြဂုတ် ၃၀

အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် အသင်းကစားသမားများ၏အစားအသောက်ပိုင်းဆိုင်ရာကို အလေးထား၍ ကြီးကြပ်ကွပ်ကဲမှုများ ဆောင်ရွက်နေပြီဖြစ်ပြီး လက်ရှိတွင် အာဆင်နယ်ကစားသမားများကို သစ်သီးဖျော်ရည် မသောက်သုံးရန် အမ်မရီက တားမြစ်လိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

အမ်မရီသည် အစားအသောက်ပုံစံသာမကဘဲ ကိုယ်ကာယလေ့ကျင့်ရေးပုံစံနှင့် နည်းစနစ်လေ့ကျင့်ရေးပုံစံများကိုပါ အပြောင်းအလဲလုပ်ရန် စီစဉ်နေပြီး နည်းပြအာစင်ဝင်းဂါး၏အခြေခံဒဿနအချို့ကို ၎င်း၏နည်းစနစ်နှင့်အစားထိုးကို အသင်းကို ပြန်လည်ပုံဖော်သွားလိုကြောင်းလည်း အမ်မရီက ပြောကြားထားသည်။

အာဆင်နယ်သည် ရာသီဖွင့်ပွဲစဉ်နှစ်ပွဲတွင် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီးနောက် ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင် နိုင်ပွဲစတင် ရယူနိုင်ခဲ့ကာ အာစင်ဝင်းဂါး သုံးစွဲခဲ့သည့် အချို့သော နည်းလမ်းများမှာ အသင်းနှင့်အံမ၀င်တော့ဟုလည်း အမ်မရီက ယူဆလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ယူနိုင်းအမ်မရီက “ကျွန်တော်က အပြောင်းအလဲတစ်ချို့ လုပ်ချင်ပါတယ်။ ဒါကလည်း ကျွန်တော့်နည်းစနစ်နဲ့ အံဝင်နိုင်စေဖို့အတွက်ပါ။ နည်းပြ အာစင်ဝင်းဂါးကင ဆယ်စုနှစ် နှစ်ခုကျော်ကြာ အထိုင်ချသွားတဲ့အသင်းကို အပြောင်းအလဲလုပ်ရတာဟာ လွယ်ကူတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ အချိန်တစ်ခု လိုအပ်ပါတယ်။ ဒါပေမဲ့ ကြုံတွေ့ရမယ့် ဘယ်လို အတားအဆီးမျိုးကိုမဆို ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ အာဆင်နယ်နည်းပြရာထူးကို ကျွန်တော် လက်ခံခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။