News

POST TYPE

SPORTS

ကြံ့ခိုင်မှုအခြေအနေကို စိတ်မချခြင်းကြောင့် ဖာကီရာကို လီဗာပူး မခေါ်ယူခဲ့ခြင်းဖြစ်
29-Aug-2018


လီဗာပူး၊ သြဂုတ် ၂၉

လီဗာပူးအသင်းသည် လိုင်ယွန်တိုက်စစ်တောင်ပံကစားသမား ဖာကီရာကို ခေါ်ယူရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းပစ်လိုက်သည်မှာ ကစားသမားဖြစ်သူ၏ကြံ့ခိုင်မှုအခြေအနေကို သဘောမကျခြင်းကြောင့်ဖြစ်ကြောင်း Daily Mail က ဖော်ပြာထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဖာကီရာသည် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် ခေါ်ယူလိုခဲ့သော ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိခဲ့သူတစ်ဦးဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ဆွေးနွေးမှုအရပ်ရပ် အဆင်ပြေခဲ့အပြီးတွင်မှ လီဗာပူးက ယင်းသဘောတူညီချက်များကို ဖျက်သိမ်းကာ နောက်ဆုတ်ရုပ်သိမ်းပစ်လိုက်ခြင်းဖြစ်သည်။

လိုင်ယွန်နှင့် လီဗာပူးတို့အကြားတွင် ဖာကီရာအပြောင်းအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ပြီး ဖာကီရာကမူ အပြောင်းအရွှေ့မဖြစ်မြောက်ရခြင်း၏အကြောင်းရင်းကို လီဗာပူးအသင်းတာဝန်ရှိသူများသာလျှင် အသိဆုံးဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။

ဖာကီရာကို ခေါ်ယူရန် လီဗာပူးက နောက်ဆုတ်သွားခဲ့အပြီးတွင် ချယ်လ်ဆီးနှင့် မန်ယူတို့က ဖာကီရာအပြောင်းအရွှေ့အတွက် လိုင်ယွန်ထံသို့ ချဉ်းကပ်ချိတ်ဆက်ခဲ့သေးကာ ယင်းတစ်ကြိမ်တွင်မူ လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းန်မီချယ်လ်အောလတ်စ်က ဖာကီရာ၏တန်ကြေးကို ပေါင် ၆၅ သန်းသို့တိုင် တိုးမြှင့်တောင်းဆိုလိုက်သည့်အတွက် ဆွေးနွေးမှုများ အောင်မြင်နိုင်ရန် အလှမ်းဝေးသွားခဲ့ရသည်။