News

POST TYPE

SPORTS

ဟယ်ရီကိန်းနှင့် လုပ်ခလစာ တန်းတူပေးမှသာလျှင် စာချုပ်သစ်ချုပ်မည်ဟု အီရစ်ခ်ဆန် အသိပေး
29-Aug-2018


လန်ဒန်၊ သြဂုတ် ၂၉

စပါးကွင်းလယ်ကစားသမား အီရစ်ခ်ဆန်သည် ၎င်းအနေနှင့် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လုပ်ခလစာအကျိုးခံစားခွင့် တန်းတူရရှိမည်ဆိုမှသာ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖြစ်လိမ့်မည်ဟု တောင်းဆိုပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

စပါးအသင်းတာဝန်ရှိသူများသည် အီရစ်ခ်ဆန်ကို စာချုပ်သစ်ချုပ်ရန် ဆွေးနွေးခဲ့သည်မှာ ခြောက်လနီးပါးရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိတွင် အီရစ်ခ်ဆန်ကိုခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ကမ်းလှမ်းမှုများရှိလာခြင်းကြောင့် ၎င်းကို စာချုပ်သစ်ချုပ်၍ အသင်းထံ၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးမှာ စပါးအတွက် အရေးပေါ်အခြေအနေတစ်ရပ်သဖွယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

စပါးသည် တိုက်စစ်မှူး ဟယ်ရီကိန်းကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၂၀၀,၀၀၀ အထိပေး၍ စာချုပ်သစ်ချုပ်ခဲ့ခြင်းဖြစ်ပြီး စပါးနည်းပြ ပိုချက်တီနိုမှာ ပိတ်သိမ်းပြီးစီးခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ အသင်းတာဝန်ရှိသူများအနေနှင့် အသင်းကို လိုအပ်သည့်အင်အားဖြည့်တင်းမှုများ မဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုအချိန်တွင် အသင်းရှိ အမာခံကစားသမားများ မဆုံးရှုံးစေရေးကို မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်လာခဲ့ပြီဟု သတိပေးစကား ပြောကြားထားပြီလည်းဖြစ်သည်။