News

POST TYPE

SPORTS

ဘန်လေနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက မော်ရင်ညို ရာထူးထုတ်ပယ်ခံရမည်

မန်ချက်စတာ၊ သြဂုတ် ၂၉

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ဘန်လေနှင့်ပွဲစဉ်တွင် အသင်းအနေနှင့် အရှုံးရလဒ် ထပ်မံရင်ဆိုင်ခဲ့ရပါက နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်ရန် စီစဉ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် သတင်းမီဒီယာများကို ၎င်းတို့ဘက်က မော်ရင်ညိုကို ထောက်ခံမှုအပြည့်ပေးထားဆဲဖြစ်ကြောင်း အသိပေးထားသော်လည်း နောက်ကွယ်တွင်မူ ရာထူးထုတ်ပယ်ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲနေပြီဖြစ်ကာ မန်ယူအသင်းဝန်ထမ်းများနှင့် ကစားသမားများမှာလည်း မော်ရင်ညို၏အနာဂတ် အာမခံချက်မဲ့နေပြီကို ရိပ်ဖမ်းသံဖမ်း သိရှိနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ယခုသီတင်းပတ် အမှတ်ပေးလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ပြီးချိန်တွင် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ရမည့် သီတင်းပတ်တစ်ခု ကြားဝင်လာတော့မည်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာပွဲစဉ်များကျင်းပနေချိန်တွင် လိဂ်ပြိုင်ပွဲများကို ရပ်နားထားမည်ဖြစ်၍ နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်၍ နည်းပြသစ်ခေါ်ယူခန့်အပ်ရေးကို ဆောင်ရွက်ရန်မှာ မန်ယူအတွက် လွန်စွာ အဆင်ပြေလျက်ရှိသည်။

မန်ယူအသင်းဝန်ထမ်းများနှင့် ကစားသမားများအကြားတွင် မော်ရင်ညို၏နေရာကို ဇီဒန်းအစားဝင်ရောက်လာလိမ့်မည်ဟု သတင်းများပျံ့နှံ့နေပြီဖြစ်ပြီး မန်ယူအသင်းနှင့်ဆက်နွှယ်နေသော သတင်းမီဒီယာများကလည်း မော်ရင်ညိုမှာ ဗန်ဟားလ်ရင်ဆိုင်ခဲ့ရသော အခြေအနေဆိုးကို ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ အသင်းတွင်း ထောက်ခံမှုများ လျော့ကျနေခြင်းက မော်ရင်ညိုအတွက် ကံကြမ္မာဆိုး ဖြစ်ပေါ်လာတော့မည့် အရိပ်အယောင်ပင်ဖြစ်ကြောင်း ရေးသားထားကြသည်။

မန်ယူသည် မော်ရင်ညိုကို ရာထူးထုတ်ပယ်မည်ဆိုပါက လက်ကျန်စာချုပ်သက်တမ်း တစ်နှစ်အတွက် လျော်ကြေးငွေပမာဏ ပေါင် ၁၅ သန်း ပေးရလိမ့်မည်ဖြစ်ပြီး အားကစားကံစမ်းကုမ္ပဏီများကလည်း မော်ရင်ညို ရာထူးထုတ်ပယ်ခံရမည့် အလေးပေးချက်များကို ၄ လေး ၇ လေးသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။