News

POST TYPE

SPORTS

အာဆင်နယ်နှင့် အက်ဒီးဒတ်စ်တို့ ပေါင်သန်း ၃၀၀ ပမာဏရှိ စပွန်ဆာစာချုပ် ချုပ်ဆို
28-Aug-2018


လန်ဒန်၊ သြဂုတ် ၂၈

အာဆင်နယ်အသင်းသည် အက်ဒီးဒတ်စ်အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုနှင့် ၀တ်စုံစပွန်ဆာစာချုပ် ချုပ်ဆိုရန် သဘောတူညီလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ချုပ်ဆိုမည့် စပွန်ဆာစာချုပ်၏တန်ကြေးမှာ ပေါင် သန်း ၃၀၀ ရှိမည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အာဆင်နယ်အသင်းနှင့် ပူးမားအားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး စီးပွားရေးလုပ်ငန်းစုအကြားတွင် ချုပ်ဆိုထားသော ၀တ်စုံစပွန်ဆာစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အက်ဒီးဒတ်စ်မှာ လာမည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစ၍ အာဆင်နယ်အသင်းဝတ်စုံကို ဒီဇိုင်းပုံဖော် ချုပ်လုပ်ခွင့် ရသွားတော့မည်ဖြစ်သည်။

အာဆင်နယ်နှင့် အက်ဒီးဒတ်စ်တို့သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်တိုင်သည်အထိ သက်တမ်းရှိစေမည့် စပွန်ဆာစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး အာဆင်နယ်မှာ နှစ်ပေါင်း ၂၄ နှစ်ကျော်လွန်ပြီးသည့်နောက်တွင်မှ ယခုကဲ့သို့ အက်ဒီးဒတ်စ်နှင့် တစ်ကျော့ပြန်လည် လက်တွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်သည် အက်ဒီးဒတ်စ်ကုမ္ပဏီထုတ်ဝတ်စုံများကို ၁၉၈၆ ခုနှစ်မှ ၁၉၉၄ ခုနှစ်တိုင်သည်အထိ ၀တ်ဆင်ကစားခဲ့ဖူးပြီး ယင်းကာလအတွင်း အာဆင်နယ်မှာ အင်္ဂလန်ပထမတန်းအမှတ်ပေးဘောလုံးပြိုင်ပွဲ(ယခု ပရီးမီးယားလိဂ်)တွင် ချန်ပီယံနှစ်ကြိမ်ဖြစ်သည်အထိ အောင်မြင်မှုရရှိခဲ့ဖူးသည်။