News

POST TYPE

SPORTS

အွန်နရီနှင့် ဆွေးနွေးမှုများ အဆင်မပြေခဲ့သည့်အတွက် ရာနီရေးရီဘက်သို့ ဘော်ဒိုး ဦးလှည့်
28-Aug-2018 tagged as Soccer Ligue Henry Bordeaux


ပဲရစ်၊ သြဂုတ် ၂၈

ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရန် မလွယ်ကူတော့ခြင်းကြောင့် လက်စတာနည်းပြဟောင်း ရာနီရေးရီဘက်သို့ ဦးလှည့်လိုက်ပြီဖြစ်ပြီး ၎င်း၏တောင်းဆိုချက်များကို ဘော်ဒိုးအသင်းတာဝန်ရှိသူများဘက်က လိုက်လျောပေးနိုင်စွမ်း မရှိသည့်အတွက် အလုပ်ကမ်းလှမ်းထားခြင်းကို ငြင်းပယ်လိုက်ခြင်းဖြစ်ပါကြောင်း အွန်နရီက ရှင်းပြသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။

အွန်နရီသည် ဘော်ဒိုးအသင်းဒါရိုက်တာဘုတ်အဖွဲ့နှင့်ဆွေးနွေးညှိနှိုင်းရာတွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ် အလုံအလောက် ထုတ်ပေးပါရန် တောင်းဆိုခဲ့ပြီး ယင်းအချက်ကို ဘော်ဒိုးအသင်းတာဝန်ရှိသူများဘက်က လိုက်လျောပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် အလုပ်လက်ခံရန် ပြင်ဆင်ထားသည်ကို အွန်နရီက ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်သည်။

ဘော်ဒိုးသည် လက်ရှိတွင် အသင်းနည်းပြအဖြစ် ပိုယက်ကို ယာယီသဘောမျိုးဖြင့် တာဝန်ပေးအပ်ထားဆဲဖြစ်သော်လည်း နည်းပြသစ်တစ်ဦး ရှာဖွေရရှိသည်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူကာ ပိုယက်နှင့်လမ်းခွဲလိုက်တော့မည်ဖြစ်ပြီး ပိုယက်မှာ အသင်းတာဝန်ရှိသူများက အသင်း၏အဓိကကစားသမားတစ်ဦးကို ၎င်းနှင့်မတိုင်ပင်ဘဲ ရောင်းထုတ်လိုက်ခြင်းကြောင့် စိတ်ပျက်ဒေါသထွက်ကာ အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည့်အတွက် ရာထူးထုတ်ပယ်ခံရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။