News

POST TYPE

SPORTS

စက်တင်ဘာလအတွင်း၌ ဟာရီရာနှင့် စာချုပ်သစ်ကိစ္စကို အပြီးအပြတ် ဆွေးနွေးရန် မန်ယူ ရည်မှန်းထား
28-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၈

မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းကွင်းလယ်ကစားသမား ဟာရီရာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအား လာမည့်စက်တင်ဘာလအတွင်း၌ အပြီးအပြတ် ဆွေးနွေးသွားရန် ရည်မှန်းထားပြီး ဟာရီရာကိုယ်တိုင်ကလည်း မန်ယူထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိုစိတ်ရှိနေခြင်းကြောင့် စာချုပ်သစ်မှာ လွယ်လင့်တကူဖြင့်ပင် အကောင်အထည်ပေါ်လာလိမ့်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူသည် အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်သော ဟာရီရာကို ၂ နှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ဟာရီရာမှာ လက်ရှိအချိန်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့်တိုင် မန်ယူကိုမူ စွန့်ခွာလိုခြင်း မရှိသေးကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဟာရီရာနှင့် မန်ယူအသင်းအကြားရှိ လက်ရှိစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ ဟာရီရာကို အလွန်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်မခံလိုခြင်းကြောင့် မန်ယူက စာချုပ်သစ်ကို အကောင်အထည်ဖော်နိုင်ရန် လွန်စွာ လိုလားလျက်ရှိသည်။

လာမည့်စက်တင်ဘာလအတွင်း၌ နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ရမည့် သီတင်းပတ်တစ်ခုရှိနေပြီး ယင်းသီတင်းပတ်အတွင်း၌ ဟာရီရာကို စာချုပ်သစ်ချုပ်မည့်ကိစ္စအား အကျေအလည် ဆွေးနွေးရန် မန်ယူက ရည်မှန်းထားခြင်းဖြစ်သည်။