News

POST TYPE

SPORTS

စပါးနှင့်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲကို ၈ မိနစ် ၁၃ စက္ကန့်ဖြင့် မော်ရင်ညို အပြီးဖြတ်
27-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၇

မန်ယူနည်းပြ မော်ရင်ညိုသည် စပါးနှင့်ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် သတင်းမီဒီယာများ၏မေးခွန်းများကို ၈ မိနစ် ၁၃ စက္ကန့်ဖြင့် လက်စဖြတ်၍ ဖြေကြားပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယင်းသတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယခင်ကနှင့်မတူဘဲ နာရီဝက်ခန့် အချိန်စော၍ ကျင်းပသွားခဲ့ပြီး အဆိုပါ ၈ မိနစ်နှင့် ၁၃ စက္ကန့်အတွင်း ရုပ်သံသတင်းမီဒီယာများကို မော်ရင်ညိုဖြေကြားပေးခဲ့သည့် အချိန်ပမာဏမှာ ၄ မိနစ်နှင့် ၁၃ စက္ကန့်ရှိခဲ့သည်။

သတင်းမီဒီယာများသည် မော်ရင်ညိုကို အချိန်ပမာဏ ၈ မိနစ်နှင့် ၁၃ စက္ကန့်အတွင်း မေးခွန်း ၁၃ ခု မေးမြန်းနိုင်ခဲ့ပြီး ယင်းမေးခွန်းများကို မော်ရင်ညိုကို စကားလုံးအရေအတွက် ၃၃၆ လုံးအသုံးပြု၍ တုံပြန်ဖြေဆိုပေးသွားခဲ့သည်။

သတင်းမီဒီယာများသည် မော်ရင်ညိုနှင့် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်အကြားရှိ ဆက်ဆံရေးအခြေအနေကို သိရှိနိုင်စေရန် မေးခွန်းများ မေးမြန်းခဲ့သော်လည်း ယင်းမေးခွန်းများအတွက် မော်ရင်ညိုက ဆင်ဝှေ့ရန်ရှောင် အဖြေများကိုသာ ပေးအပ်သွားခဲ့သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူကို လွန်စွာသံယောဇဉ်ရှိလွန်း၍သာ ယခုအချိန်တွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေခြင်းဖြစ်ကြောင်း အသိပေးထားပြီး အခြားသောအသင်းတစ်သင်းကို ဦးဆောင်နေမည်ဆိုပါက ၎င်း၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ရာထူးကနေ၍ နုတ်ထွက်နေပြီးဖြစ်လိမ့်မည်ဟုလည်း မော်ရင်ညိုက ပြောကြားထားသေးသည်။