News

POST TYPE

SPORTS

ချယ်လ်ဆီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရရှိသူ ကစားသမားစာရင်းတွင် ဟားဇတ် တတိယနေရာသို့ တက်လှမ်း
27-Aug-2018


လန်ဒန်၊ သြဂုတ် ၂၇

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ချယ်လ်ဆီးက နယူးကာဆယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ ချယ်လ်ဆီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရရှိသူ ကစားသမားစာရင်းတွင် တတိယနေရာသို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဟားဇတ်သည် လက်ရှိတွင် ချယ်လ်ဆီးအသင်းကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်သွင်းဂိုး ၇၀ ပြည့်သွားခဲ့ပြီဖြစ်ကာ ၎င်း၏အထက်တွင် ဒရော့ဘာက သွင်းဂိုး ၁၀၄ ဂိုး၊ လမ်းပတ်က ၁၄၇ ဂိုးဖြင့် ရပ်တည်နေကြလျက်ရှိသည်။

ဟားဇတ်သည် ချယ်လ်ဆီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပြိုင်ပွဲအရပ်ရပ်သွင်းဂိုးအများဆုံးရရှိသူ ကစားသမားစာရင်းတွင်မူ အဆင့် ၁၁ နေရာကိုသာ ရရှိထားပြီး ပြိုင်ပွဲအရပ်ရပ်တွင် ချယ်လ်ဆီးအတွက် ဟားဇတ်ရယူပေးနိုင်ခဲ့သည့် သွင်းဂိုးအရေအတွက်စုစုပေါင်းမှာ ၈၉ ဂိုးသာရှိထားသည်။

ချယ်လ်ဆီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပြိုင်ပွဲအရပ်ရပ်သွင်းဂိုးအများဆုံးရရှိသူ ကစားသမားစာရင်းကိုလည်း လမ်းပတ်ကသာလျှင် ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး ချယ်လ်ဆီးထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း လမ်းပတ်မှာ ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၂၁၁ ဂိုးအထိ ရယူနိုင်ခဲ့သည်။