News

POST TYPE

SPORTS

မိမိအရေးထက် အသင်းအရေးကိုသာ အမြဲဦးစားပေးခဲ့သော နည်းပြအဖြစ် မိမိကိုယ်မိမိ မော်ရင်ညို ဂုဏ်တင်
27-Aug-2018


မန်ချက်စတာ၊ သြဂုတ် ၂၇

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းမှာ မိမိအရေးထက် အသင်းအရေးကိုသာ အမြဲဦးစားပေးခဲ့သော တစ်ကိုယ်ကောင်း မဆန်သည့်နည်းပြဖြစ်သည်ဟု ဂုဏ်တင်ဝင့်ကြွားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် ၎င်းတာဝန်ယူခဲ့သော ကလပ်အသင်းများ အထိမနာစေရေးကိုသာ အမြဲတစေ ရှေးရှုခဲ့သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး တစ်ခါတစ်ရံတွင် အသင်းပရိသတ်များကို အပြစ်တင်မိသည်မှာလည်း ၎င်းမတွက် မဟုတ်ဘဲ အသင်းအတွက်သာဖြစ်သည်ဟု မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် အသင်းပရိသတ်များက အသင်းကို စိတ်လိုလက်ရ အားပေးချိန်တိုင်းတွင် အမြဲတစေ ၀မ်းသာကြည်နူးရလေ့ရှိကြောင်းလည်း အသိပေးသွားခဲ့ပြီး အသင်းငယ်လေးများကို အရေးနိမ့်ရသောပွဲစဉ်များတွင် ပရိသတ်များထက်ပင် ၎င်းက ပို၍ စိတ်ထိခိုက်နာကျင်ရလေ့ရှိသည်ဟုလည်း မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “တစ်ချို့က ကျွန်တော့်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ထင်မြင်ကြပါတယ်။ တကယ်က ကျွန်တော့်ဘ၀မှာ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ ကျွန်တော့်အရေးနဲ့ အသင်းအရေးယှဉ်လာရင် အသင်းအရေးကိုပဲ ကျွန်တော် အမြဲဦးစားပေးခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ အသင်းပရိသတ်တွေကို ပိုပြီး အားပေးပါလို့ တောင်းဆိုရတာကလည်း အသင်းအတွက်ပါပဲ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကွင်းထဲမှာ ကစားနေရတဲ့ ကစားသမားတွေဟာ ပရိသတ်ရဲ့အားပေးမှုကို အရမ်းပဲ လိုအပ်ပါတယ်”ဟု အသိပေးသွားခဲ့သည်။