News

POST TYPE

SPORTS

ဗုဒ္ဓဟူးနေ့မှာ နားဆင်ရတော့မယ့် နေမာရဲ့ ပထမဆုံး သီချင်းတစ်ပုဒ်
12-Sep-2016
ဘာစီလိုနာအသင်း တိုက်စစ်မှူး နေမာကတော့ သူ့ရဲ့ အနုပညာခရီးကို စတင်တော့မယ်လို့ ကြေညာလိုက်ပြီး သူကိုယ်တိုင် သီဆိုထားတဲ့ ပထမဆုံး သီချင်းကို Facebook စာမျက်နှာမှာ တင်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နေမာဟာ လာမယ့် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၄) ရက်နေ့မှာ သူ့ရဲ့ တရားဝင် Facebook အကောင့်မှာ သီချင်းသစ်ကို တင်ပေးသွားမှာဖြစ်ပြီး ပရိသတ်တွေကို အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေမာအတွက်တော့ သီချင်းဆိုခြင်းက အစိမ်းသက်သက်အလုပ် မဟုတ်ပဲ ဘရာဇီးရဲ့ နာမည်ကျော် တေးဂီတဖျော်ဖြေပွဲ အချို့မှာ ဧည့်သည်အဆိုတော် အဖြစ်နဲ့ ပါဝင်သီဆိုပေးခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဘောလုံးကွင်းထဲမှာ အားသွန်ခွန်စိုက် ကစားရပြီး ခွန်အားစိုက်ထုတ်ရတဲ့ အားကစားသမားတွေမှာ အနုပညာကို ခံစားတတ်တဲ့ အသည်းနှလုံး ရှှိနေတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။

ဘရာဇီးရဲ့ နာမည်ကျော် ဘောလုံးသမား ပီလီကလည်း ရီယိုအိုလံပစ်ကို ကြိုဆိုဖို့ Hope ဆိုတဲ့ သီချင်းကို သီဆိုခဲ့ဖူးပြီး လက်ရှိ ပီအက်စ်ဂျီရဲ့ ကစားသမား ဂျီဆီရိုဒရီဂွက်ဇ်ကလည်း Jey-M ဆိုတဲ့ နာမည်နဲ့ MTV သီချင်းတစ်ပုဒ် ရိုက်ကူးခဲ့ဖူးပါတယ်။

Ref: AS