News

POST TYPE

SPORTS

"ကျွန်တော် မျှော်လင့်ထားသလိုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ချန်ပီယံဆုအတွက် ပြောဖို့တော့ စောလွန်းပါသေးတယ် "
11-Sep-2016
"ကျွန်တော် မျှော်လင့်ထားသလိုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ချန်ပီယံဆုအတွက် ပြောဖို့တော့ စောလွန်းပါသေးတယ် " - ဂယ်ရီနဗီးလ်

ကမ္ဘာတစ်ဝန်းက ဘောလုံး ပရိသတ်တွေ အားလုံးနီးပါး ရင်ခုန်ခဲ့ကြတဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

အားလုံး သိတဲ့အတိုင်းပဲ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာပဲ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို ၂ ဂိုး၊ ၁ ဂိုး ဆိုတဲ့ရလဒ်နဲ့ အရှုံး ပေးခဲ့ရပါတယ်။

ဒီပွဲရလဒ်နဲ့ ပတ်သက်လို့ မန်ယူရဲ့ ညာနောက်ခံ လူဟောင်း ဂယ်ရီနဗီးက “ကျွန်တော် မျှော်လင့်ထားသလိုတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ချန်ပီယံဆုအတွက် ပြောဖို့တော့ စောလွန်းပါသေးတယ်”လို့ Sky Sport နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဂယ်ရီနဗီးလ်က မန်ချက်စတာ စီးတီးအသင်းရဲ့ ပထမပိုင်း ကစားပုံကိုလည်း အလွန် လှပ ကောင်းမွန်တဲ့ ကစားပုံအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီပွဲရလဒ်ကြောင့် ၄ ပွဲကစား ၉ မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေရပြီး ဇယားထိပ်က မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ၃ မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

Ref : Sky Sport


  • VIA