News

POST TYPE

SPORTS

ဆီရီနာဝီလျံံ သိမ်းပိုက်ထားတဲ့ ကမ္ဘာ့နံပတ် (၁) နေရာ အပြောင်းအလဲ ဖြစ်တော့မလား
10-Sep-2016
ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်နေရာကို (၃) နှစ်နီးပါး သိမ်းပိုက်ထားခဲ့တဲ့ တင်းနစ်မယ် ဆီရီနာဝီလျံကတော့ ယူအက်စ် အိုးပင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ ချက်တင်းနစ်မယ် ပလစ်ကိုဗာကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာ လိုက်ရပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆီရီနာဝီလျံဟာ အဆင့် (၁) နေရာကို ၁၈၆ ပတ်ကြာ စံချိန်တင် သိမ်းပိုက်ထားသူ ဖြစ်ပြီး ဒီပွဲမှာတော့ ဆီဒင် သတ်မှတ်ချက် (၁၀) သာ ရှိတဲ့ ချက်တင်းနစ်မယ်ကို ၆-၂၊ ၇-၆ (၇-၅) နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။

“စိတ်ပျက်စရာ ရလဒ်ပါပဲ။ ကျွန်မအနေနဲ့ ဒီပွဲမှာ အမှား တော်တော်များများကို လုပ်ခဲ့မိတယ်”လို့ ဆီရီနာဝီလျံက ဆိုလိုက်ပါတယ်။

ဒီရှုံးနိမ့်မှုက ဆီရီနာဝီလျံရဲ့ ကမ္ဘာ့အဆင့် (၁) နေရာကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပြီး အခြား ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ကမ္ဘာ့အဆင့် (၂) ဂျာမနီ တင်းနစ်မယ် ကာဗာနဲ့ ဝေ့ါဇ်နီယာကီ တို့ရဲ့ ပွဲစဉ်မှာ ကာဗာသာ အနိုင် ရသွားခဲ့မယ်ဆိုရင် ဆီရီနီဝီလျံရဲ့ အဆင့် (၁) နေရာကို လွှဲပြောင်း ရယူနိုင်မှာလည်း ဖြစ်ပါတယ်။

Ref : BBC


  • VIA