News

POST TYPE

SPORTS

ဟယ်ရီကိန်းကို လစာ ၂ ဆပေးပြီး စာချုပ်သစ် ချုပ်ဖို့ စပါး စီစဉ်
10-Sep-2016

ပရီးမီးယားလိဂ် ကလပ် စပါးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်ရှိ လစာရဲ့ ၂ ဆ ပေးပြီး စာချုပ်သစ် ချုပ်ဖို့ ကမ်းလှမ်း လိုက်ပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀ ရရှိနေတဲ့ ဟယ်ရီကိန်းဟာ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင် ၁၀၀၀၀၀ ရရှိမှှှာပါ။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို တစ်ပတ်လုပ်ခပေါင် ၇၅၀၀၀ နဲ့ စာချုပ်သက်တမ်း တိုးထားပါတယ်။

ဒါ့အပြင် အခြား ကစားသမားတွေ ဖြစ်ကြတဲ့ အဲရစ်ဒီယာ၊ ဒန်နီရို့စ်နဲ့ ဒယ်လီအယ်လီ တို့ကိုလည်း သက်တမ်းတိုး စာချုပ်တွေ ဆက်လက် ချုပ်ဆိုသွားဖို့ စီစဉ်နေပါပြီ။

ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် စပါးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဟယ်ရီကိန်းဟာ လက်ရှိ အချိန်မှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန် နေရပေမယ့်လည်း စပါးအသင်း နည်းပြ ပိုချက်တီနိုကတော့ သူ့ရဲ့ အကောင်းဆုံး အချိန်တွေ ပြန်ရောက်လာမယ်လို့ မျှော်လင့်နေပါတယ်။

“အသင်းရဲ့ အဓိက ကစားသမားတွေကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားနေပြီဖြစ်ပြီး အားလုံးနီးပါး ပျော်ရွှင်နေကြတယ်လို့ ခံစားမိပါတယ်။ ကစားသမားတွေ အနေနဲ့ စာချုပ်သစ်ကြောင့် ယုံကြည်မှု ပိုရှိလာပြီး အသင်းအတွက် ပေးဆပ်ဖို့ စိတ်အား ထက်သန် လာကြပါတယ်”လို့ စပါးအသင်းနည်းပြ ပိုချက်တီနိုက ဆိုပါတယ်။

Ref : Goal.com


  • VIA