News

POST TYPE

SPORTS

စတာလင်ရဲ့ အကောင်းဆုံး အချိန်တွေ ပြန်လာပြီလား
10-Sep-2016

ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်ခဲ့ရတဲ့ စတာလင်၊ ပယ်လီဂရီနီရဲ့ လက်ထက်မှာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ပရိသတ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ စတာလင်၊ အဲဒီ အင်္ဂလန် ကစားသမားဟာ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိနေပါပြီ။

ဒီရာသီမှာ မန်စီးတီးရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂွာဒီယိုလာဟာ အသင်းမှာ မလိုအပ်ဘူးလို့ ယူဆတဲ့ ကစားသမား အချို့ကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့ပြီး ဂျိုးဟတ်၊ နာဆရီ၊ မန်ဂါလာ၊ ဘိုနီ တို့ကို အသင်းကနေ ထွက်ခွာ သွားစေခဲ့ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ခြေစွမ်း မပြနိုင်ခဲ့တဲ့ စတာလင်ကိုတော့ အပြောင်းအရွှေ့ စာရင်းထဲမှာ မထည့်ခဲ့ပဲ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့်တွေကိုတောင် ဖန်တီး ပေးနေခဲ့ပါတယ်။

“ကျွန်တော် သူ ကစားတာကို မြင်ကတည်းက ဒီကစားသမားဟာ အကောင်းဆုံး ပုံစံမှာ ရှိနေတယ်ဆိုတာ ခံစားမိပါတယ်။ ဒါ့ကြောင့် သူ့ကို အသင်းမှာပဲ ဆက်ရှိနေဖို့နဲ့ အချိန်ပေး စောင့်ကြည့်ဖို့ ကြိုးစားခဲ့တာပါ”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဒီရာသီ အသင်းအတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲမှာ (၂) ဂိုး သွင်းယူနိုင်ခဲ့တဲ့ စတာလင်ဟာ မန်စီးတီးရဲ့ ညာခြမ်း တိုက်စစ်မှာ နေရာ တစ်ခုကို ပြိုင်ဘက် မရှိ ရယူထားနိုင်ခဲ့ပြီး စတာလင်ရဲ့ အကောင်းဆုံး အချိန်တွေ ပြန်လာပြီလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref : Goal.com



  • VIA