News

POST TYPE

SPORTS

ယူအက်စ်အိုးပင်း ကွာတားဖိုင်နယ် အဆင့်ကနေ အင်ဒီမာရေးလည်း ထွက်ခွာခဲ့ရ
09-Sep-2016
ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကနေ နာဒဲလ် ထွက်ခွာခဲ့ရပြီးတဲ့နောက် နောက်တစ်ရက်မှာပဲ ဗြိတိန်ရဲ့ နာမည်ကြီး တင်းနစ်သမား မာရေးလည်း ရှုံးပွဲကြုံပြီး ထွက်ခွာခဲ့ရပြန်ပါပြီ။

ကမ္ဘာ့အဆင့် (၂) တင်းနစ်သမားဟာ သူ့ရဲ့ ပြိုင်ဖက် ဂျပန်တင်းနစ်သမား နီရှီကိုရီကို 1-6၊ 6-4၊ 4-6၊ 6-1၊ 7-5 ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲနိုင်ခွင့် ရှိတယ်လို့ ပြောဆိုခဲ့တဲ့ သူ့ရဲ့စကားကိုလည်း ရုတ်သိမ်းခဲ့ရပါတယ်။

ကမ္ဘာ့အဆင့် (၅) တင်းနစ်သမား နီရှီကိုရီဟာ သူ့ရဲ့အသက် ၂၆ နှစ် အရွယ်မှာ အကောင်းဆုံး လက်စွမ်းကို ပိုင်ဆိုင်နေခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန် တင်းနစ်သမား ဝါရန်ကာကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။

မာရေးနဲ့ နာဒဲလ်တို့ ရှုံးနိမ့်သွားခဲ့တာကြောင့် ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ဂျိုကိုဗစ်ကပဲ ရရှိလိမ့်မယ်လို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပြီး ကမ္ဘာ့အဆင့် (၁) တင်းနစ်သမားဟာ သူ့ရဲ့ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားလိမ့်မယ်လို့ သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Ref: BBC