News

POST TYPE

SPORTS

ချယ်လ်ဆီးရဲ့ ခံစစ်မှာ ဒေးဗစ်လူးဝစ္စ အရေးပါလာမလား
08-Sep-2016
ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ကွန်တီကတော့ အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဒေးဗစ်လူးဝစ္စ အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ခံစစ်ဗဟို ကစားသမားအဖြစ် ကစားရမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြဟောင်းဟာ လာမယ့် ပွဲစဉ်တွေမှာ အီတလီ အသင်းတွေရဲ့ ကစားပုံဖြစ်တဲ့ ၃ - ၅ - ၂ ကစားကွက်ကို အသုံးပြု သွားမယ်လို့ ပြောဆိုလိုက်ပြီး လူးဝစ္စ၊ တယ်ရီ၊ အိုင်ဗန်နိုဗစ်နဲ့ ကာဟေးလ်တို့က အဓိက ခံစစ် ကစားသမားတွေ ဖြစ်လာကြလိမ့်မယ်လို့ ဆိုပါတယ်။

ကွန်တီရဲ့ စိတ်ကြိုက် ကစားကွက်ဖြစ်တဲ့ ၃ - ၅ - ၂ ကစားကွက်ဟာ ဂျူဗင်တပ်စ် အသင်းကို အောင်မြင်စေခဲ့တဲ့ သော့ချက် ဖြစ်ခဲ့ပြီး ဘာဇာဂလီ၊ ချီလီနီနဲ့ ဘိုနူချီ တို့က အဓိက ခံစစ် ကစားသမားတွေအဖြစ် ကစားပေးခဲ့ကြပါတယ်။

ချယ်လ်ဆီး အသင်းမှာတော့ လူးဝစ္စ၊ တယ်ရီ၊ ကာဟေးလ် တို့က အဓိက ခံစစ်သမားတွေ ဖြစ်လာကြဖို့ ရှိနေပြီး အိုင်ဗန်နိုဗစ်က ကွင်းလယ် ၅ ယောက်တန်းမှာ ကစားရဖို့ များနေပါတယ်။

“လူးဝစ္စဟာ ခံစစ်ဗဟို ကစားသမားအဖြစ် အကြိမ်ပေါင်း များစွာ ကစားခဲ့ဖူးသူပါ။ အဲဒီနေရာမှာ ဘယ်လို အကောင်းဆုံး ကစားရမလဲဆိုတာ သူ နားလည်ပါလိမ့်မယ်”လို့ ကွန်တီက ဆိုပါတယ်။

Ref : Goal


  • VIA