News

POST TYPE

SPORTS

မန်ချက်စတာ ဒါဘီပွဲအတွက် ရက်ဖို့ဒ် အဆင်သင့် ဖြစ်နေပြီလား
07-Sep-2016

ယမန်နေ့ညက ကစားခဲ့တဲ့ အင်္ဂလန်ယူ၂၁ အသင်းနဲ့ နော်ဝေ ယူ ၂၁ အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန် အသင်းအတွက် Hat-Trick သွင်းဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကတော့ မန်ချက်စတာ ဒါဘီ ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပြသလိုက်ပါတယ်။


အင်္ဂလန်အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားခဲ့ပြီး သွင်းဂိုး သုံးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်က မန်ယူနည်းပြ မော်ရင်ညိုအတွက် စိတ်ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်လို့ ယူ ၂၁ အသင်းနည်းပြ ဆောက်ဂိတ်က ဆိုလိုက်ပါတယ်။


စနေညမှာ ကစားကြမယ့် မန်ယူနဲ့ မန်စီးတီး အသင်းတို့ရဲ့ ပွဲစဉ်မှာ ရက်ဖို့ဒ်ရဲ့ ပွဲထွက်ခွင့်အတွက် အာမခံချက် မရှိဘူးလို့ မန်ယူနည်းပြ မော်ရင်ညိုက ဆိုထားပါတယ်။ 


အင်္ဂလန် လက်ရွေးစင် အသင်းကြီးရဲ့ နည်းပြ ဆမ်အလာဒွိုက်စ်ကလည်း ရက်ဖို့ဒ်ရဲ့ ခြေစွမ်းဟာ အသင်းကြီးမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ မီဒီယာ အချို့ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။


ရက်ဖို့ဒ်အနေနဲ့ နိုင်ငံအသင်းအတွက် ခြေစွမ်း ပြနိုင်ခဲ့တယ် ဆိုပေမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်အတွက်တော့ သူ့ရဲ့ ပွဲထွက်ခွင့်က မှုန်ဝါးနေဆဲပဲ ဖြစ်ပြီး အီဗရာဟီမိုဗစ်နဲ့ ရွန်းနီတို့ရဲ့ နောက်မှာ အရံ တိုက်စစ်မှူး အဖြစ်နဲ့သာ ရှိနေမလား၊ ဒါမှမဟုတ် အံ့သြစရာ ပွဲထွက်ခွင့်က အဆင်သင့် ဖြစ်နေမလား ဆိုတာကတော့ နည်းပြ မော်ရင်ညိုရဲ့ ရွေးချယ်မှု အပေါ်မှာသာ တည်မှီ နေပါတော့တယ်။ 


Ref : Dailymail



  • VIA