News

POST TYPE

SPORTS

ရီးယဲလ်အသင်းနဲ့ ရော်နယ်ဒို လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ
06-Sep-2016
ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ရီးယဲလ် တိုက်စစ် ကစားသမား ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာတော့ ဒဏ်ရာ ပြဿနာတွေကနေ ပြန်လည် ကောင်းမွန်လာပြီး ရီးယဲလ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်နေနိုင်ပြီ ဖြစ်ပါတယ်။

အသင်း တာဝန်ရှိသူတွေကတော့ ရော်နယ်ဒို အနေနဲ့ လာမယ့် စနေနေ့မှာ ကစားမယ့် အိုဆာဆူနာနဲ့ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ဖို့ မျှော်လင့် နေပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ် ပုံရိပ်တွေကို အားပေးသူ ၇၅ သန်းကျော်ရှိတဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပြီး “အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်က သိပ်ပြီး ပျော်စရာ ကောင်းပါတယ်”ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ရော်နယ်ဒို မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲတွေ ရရှိခဲ့ပြီး ဆိုစီဒက်၊ ဆယ်လ်တာဗီဂို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါ အဖွင့် ပွဲစဉ်တွေမှာ အနိုင် ရခဲ့ပါတယ်။

Ref:Dailymail


  • VIA