News

POST TYPE

SPORTS

၃ လကျော် ဂိုးပေါက် ပျောက်ဆုံးမှုကို အဆုံးသတ်ဖို့ ဟယ်ရီကိန်း လိုလားလျှက်ရှိ
06-Sep-2016
မေလ ၈ ရက်ကစပြီး စပါးအသင်းနဲ့ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူ ပေးနိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူ့အနေနဲ့ ၃ လကျော် ဂိုးပေါက် ပျောက်ဆုံးနေခြင်းကို မကြာခင် အဆုံးသတ် သွားမယ်လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက စပါးအသင်းအတွက် ၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့ ဟယ်ရီကိန်းဟာ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိဖို့ ရုန်းကန် နေရဆဲပါ။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကတော့ စနေနေ့မှာ ကစားရမယ့် စတုခ်စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးသွင်း နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ဂိုးပေါက် ပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်လိမ့်မယ်လို့ ပြောဆို လိုက်ပါတယ်။

“ကျွန်တော့်ရဲ့ စွမ်းရည်ကို ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ ဂိုးသွင်းနိုင်ဖို့အတွက် ဘာတွေ ဆက်လုပ်သွားရမလဲ ဆိုတာလည်း ကျွန်တော် သိပါတယ်” လို့ ဟယ်ရီကိန်းက ဆိုလိုက်ပါတယ်။

Ref : Thenational


  • VIA