News

POST TYPE

SPORTS

ကလက်တန်ဘတ်ဟာ မန်ယူအတွက် ရှိနေတုန်းလား
06-Sep-2016
ဒီတစ်ပတ်ရဲ့ စနေနေ့ ညနေ ၆ နာရီမှာ ကစားကြမယ့် မန်ယူအသင်းနဲ့ မန်စီးတီး အသင်းတို့ရဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကိုတော့ ကွင်းလယ်ဒိုင် ကလက်တန်ဘတ်က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ ဂွာဒီယိုလာတို့ရဲ့ အားပြိုင်မှုလို့ ပြောရမယ့် ဒီပြိုင်ပွဲဟာ ရလဒ်ကောင်းတွေ ရရှိထားတဲ့ အသင်း နှစ်သင်း ထိပ်တိုက် ရင်ဆိုင်ရမယ့် ပွဲဖြစ်ပြီး အဂွီရို ပွဲပယ်ခံထားရတဲ့ မန်စီးတီးအသင်း တိုက်စစ်ပိုင်းကတော့ အနည်းငယ် အားနည်းနေနိုင်ပါတယ်။

မန်ယူအသင်းရဲ့ ပြိုင်ဘက် ပရိသတ်တွေကတော့ ကလက်တန်ဘတ်ကို မန်ယူ ဒိုင်လူကြီးလို့ ပြောလေ့ ရှိကြပြီး ၂၀၀၅ ခုနှစ် မန်ယူ- စပါး ပွဲစဉ်တုန်းက စပါး ကစားသမား မန်းဒက်စ်ရဲ့ သွင်းဂိုး ဂိုးထဲ ဝင်သွားတာကို ခွင့်မပြုခဲ့တာ၊ ၂၀၁၀ ခုနှစ် မန်ယူ-စပါး ပွဲမှာ နာနီရဲ့ အငြင်းပွားဖွယ် သွင်းဂိုး တစ်ဂိုးကို ဖန်တီးခဲ့တာ၊ ၂၀၁၂ ခုနှစ် မန်ယူ-ချယ်လ်ဆီး ပွဲစဉ်မှာ ချယ်လ်ဆီး ကစားသမားတွေ ဖြစ်ကြတဲ့ အိုင်ဗန်နိုဗစ်နဲ့ တောရက်စ်တို့ကို အနီကတ်နဲ့ ထုတ်ခဲ့တာ စတာတွေက မန်ယူအသင်းအပေါ် အသာပေးခဲ့တဲ့ ကလက်တန်ဘတ်ရဲ့ ဆုံးဖြတ်မှုတွေလို့ ထောက်ပြ ခဲ့ကြပါတယ်။

Ref : Goal.com



  • VIA