News

POST TYPE

SPORTS

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စတုတ္တအဆင့်တွင် နာဒဲလ် အံ့အားသင့်ဖွယ် ရှုံးနိမ့်
05-Sep-2016
ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ (အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ) ၏ စတုတ္ထအဆင့် ပွဲစဉ်တွင် ကမ္ဘာ့အဆင့် (၅) တင်းနစ်သမား ရာဖေးနာဒဲလ်မှာ ကမ္ဘာ့အဆင့် (၂၅) ရှိ ပြင်သစ်တင်းနစ်သမား လူးကပ်စ် ပွီယေးကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

လူးကပ်စ် ပွီယေးမှာ ပထမပွဲစဉ်တွင်ပင် ၆-၁ ရလဒ်ဖြင့် နာဒဲလ်အား အနိုင်ရအောင် ကစားနိုင်ခဲ့ပြီးနောက် လက်ကျန်ပွဲစဉ်များတွင်လည်း နာဒဲလ်အား အကောင်းဆုံး ရင်ဆိုင်သွားခဲ့ပြီး ပွဲအပြီးတွင် 6-1 ၊ 2-6၊ 6-4၊ 3-6 ၊ 7-6(8-6) ရလဒ်များဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

၄ နာရီနှင့် ၇ မိနစ်ကြာ ကစားခဲ့ရသော အဆိုပါ ပွဲစဉ်တွင် နာဒဲလ်မှာ ပုံစံကောင်းရရှိရန် ရုန်းကန်ခဲ့ရပြီး တစ်ချိန်က ကမ္ဘာ့အဆင့် (၁) ဖြစ်ခဲ့ဖူးသည့် လက်စွမ်းမှာလည်း ပျောက်ကွယ်နေခဲ့သည်။

တစ်ချိန်က မြေစေးကွင်းဘုရင်ဟု နာမည်ကျော်ခဲ့ဖူးသည့် ကမ္ဘာ့အဆင့် တင်းနစ်သမား နာဒဲလ်မှာ ၂၀၁၄ ခုနှစ်တွင် ဒူးဒဏ်ရာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီးနောက် ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင်လည်း ဆုဖလားများနှင့် ဝေးကွာနေရပြီး ကမ္ဘာ့အဆင့် (၅) အထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

Ref: TheSun