News

POST TYPE

SPORTS

စလိုဗက်ကီးယားနှင့် ပွဲတွင် သရေကျလျှင်ပင် ပျော်ရွှင်မိမည်ဟု အင်္ဂလန်နည်းပြသစ် ဆမ်အလာဒွိုက်စ် ပြော
04-Sep-2016
လန်ဒန်၊ စက်တင်ဘာ ၄

အင်္ဂလန်အသင်း နည်းပြသစ် ဆမ်အလာဒွိုက်စ်က ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ယနေ့ ညကစားရမည့် ဆလိုဗက်ကီးယားနှင့်ပွဲတွင် သရေ ရလဒ် ထွက်ပေါ်လာလျှင်ပင် ပျော်ရွှင်မိမည်ဟု ပြောကြားလိုက်သည်။

အင်္ဂလန်အသင်း ပရိသတ်များ အားလုံးက လက်ရှိအချိန်တွင် အင်္ဂလန်အသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီး ဆလိုဗက်ကီးယား အသင်းကို အနိုင်ရသည်ကို မြင်တွေ့နေလိုသည်ကို သိရှိထားပြီး အင်္ဂလန်အသင်း အနေဖြင့်လည်း အနိုင် ရရှိရေးကိုသာ ဦးတည်ထားပြီး ကြိုးစား ကစားသွားမည်ဖြစ်ကြောင်း ဆမ်အလာဒွိုက်စ်က ပြောကြားသည်။

သို့သော် ဆလိုဗက်ကီးယား အသင်း၏ ခြေစွမ်းနှင့် မှတ်တမ်းများအရ သရေကျလျှင်ပင် မိမိအနေဖြင့် ပျော်ရွှင်မိမည်မှာလည်း အမှန်ပင် ဖြစ်သည်ဟုလည်း ဆမ်အလာဒွိုက်စ်က ဖြည့်စွက် ပြောကြားထားသည်။

အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် နည်းပြရွိုင်းဟော့ဒ်ဆန် လက်အောက်၌ ကစားခဲ့ပြီး ၁၆ သင်း ရှုံးထွက် အဆင့်မှပင် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရရာ ပရိသတ်များက ယခုနည်းပြသစ် ဆမ်အလာဒွိုက်စ်နှင့်အတူ အောင်မြင်မှုတွေ ရရှိသည်ကို အထူးတလည် မြင်တွေ့လိုလျက် ရှိသည်။

Ref :BBC


  • VIA