News

POST TYPE

SPORTS

ပေါ့ဂ်ဘာရဲ့ မြွေပုံစံ ဆံပင်ပုံသစ်
03-Sep-2016
မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာကိုတော့ မြွေတစ်ကောင်ရဲ့ အရေခွံ ပုံစံအတိုင်း ဆေးရောင်ခြယ် ပုံသွင်းထားတဲ့ ဆံပင် ပုံစံသစ်နဲ့ ဘောလုံးပွဲတွေမှာ မြင်တွေ့ရပါတော့မယ်။

ပေါ့ဂ်ဘာရဲ့ ဆံပင်အရောင်ဟာ မန်ယူအသင်းရဲ့ ဂျာစီအရောင်လည်း ဖြစ်နေခဲ့ပြီး မန်ယူအသင်းရဲ့ တန်ဖိုးကြီး ကွင်းလယ်လူဟာ သူ့ရဲ့ ဆံပင်ပုံစံကို အားပေးသူ ၈ သန်းကျော်ရှိတဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

အနီရောင်နဲ့ အနက်ရောင်တွေ ပါဝင်တဲ့ ဆံပင် ပုံစံသစ်ဟာ အနည်းငယ် ကြည့်ရဆိုးတာကလွဲရင် ပရီးမီးယားလိဂ်မှာ ပထမဆုံး တွေ့ရမယ့် ဆံပင် ပုံစံတော့ ဖြစ်လာမှာပါ။

ပေါ့ဂ်ဘာဟာ သူ့ရဲ့ ဆံပင် ပုံစံနဲ့အတူ သူ အတု ခိုးထားတဲ့ မြွေတစ်ကောင်ရဲ့ ပုံစံကို အင်စတာဂရမ်မှာ တွဲဖက်တင်ခဲ့ပြီး “မင်းတို့ ဒီပုံစံကို ကြိုက်လား” ဆိုတဲ့ စာသားကိုပါ တွဲဖက် တင်ခဲ့ပါတယ်။

Ref : Dailymail


  • VIA