News

POST TYPE

SPORTS

ကလေးတွေရဲ့ ရန်ပုံငွေအတွက် ပိုကာပွဲကနေ ပိုက်ဆံရှာခဲ့တဲ့ ရော်နယ်ဒို
02-Sep-2016
ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ Pokerstars အွန်လိုင်းစီးရီးစ်ရဲ့ တစ်ဦးချင်း ပြိုင်ပွဲမှာ Breaking Bad ဇာတ်ကားထဲက သရုပ်ဆောင် အာရွန်ပေါလ်နဲ့ ပိုကာ ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်ရခဲ့လို့ Save the Children ရန်ပုံငွေအဖွဲ့ဆီကို ပေါင် ၁၅၀၀၀ လှူနိုင်ခဲ့ပါတယ်။

Pokerstars ဝက်ဆိုက်ကနေ ပြုလုပ်ခဲ့တဲ့ အဲဒီပြိုင်ပွဲအစီအစဉ်မှာ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီး ကစားသမားတွေ၊ အနုပညာရှင်တွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရော်နယ်ဒိုက Save the Children အဖွဲ့အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သလို အာရွန်ပေါလ်ကလည်း Kind Campaign အဖွဲ့ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တာပါ။

ပြိုင်ပွဲပြီးသွားချိန်မှာတော့ ရော်နယ်ဒိုက အနိုင်ရသွားခဲ့လို့ သူကိုယ်စားပြု ကစားပေးတဲ့ Save The Children ရန်ပုံငွေအဖွဲ့ဆီကို ပေါင် ၁၅၀၀၀ လှူဒါန်းခွင့် ရရှိသွားခဲ့ပါတယ်။

အဲဒီအစီအစဉ်ကို ဘာစီလိုနာရဲ့ တိုက်စစ်မှူး နေမာ၊ ဗစ်တိုးရီးယား ဆီးခရက် မော်ဒယ် ဆမ်ပါရီယို တို့အပြင် အခြားနာမည်ကြီးတွေလည်း လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Ref: Dailymail