News

POST TYPE

SPORTS

နိုင်ငံကစားသမားဘဝ နောက်ဆုံးပွဲမှာ ရှဝိန်းစတိုင်ဂါ မျက်ရည်များနှင့် နှုတ်ဆက်
01-Sep-2016
ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါ အတွက်တော့ မနေ့ညက ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ပွဲစဉ်ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့ပြီး ပွဲအပြီးမှ ပရိသတ်တွေကို မျက်ရည်တွေနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်။

၂၀၀၄ ခုနှစ်ကစပြီး နိုင်ငံလက်ရွေးစင်အသင်း အတွက် ကစားပေးခဲ့တဲ့ စတိုင်ဂါဟာ နိုင်ငံအသင်းနဲ့အတူ ပွဲပေါင်း ၁၂၁ ပွဲ ကစားပေးခဲ့ပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဂျာမနီအသင်း ရပ်တည်နိုင်ခဲ့စဉ်က စတိုင်ဂါဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိအနားယူခဲ့တဲ့ အချိန်မှာတော့ စတုတ္ထမြောက် ပွဲအများဆုံး ကစားရတဲ့ အသင်းခေါင်းဆောင်ဆိုတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

စတိုင်ဂါက သူနဲ့ မော်ရင်ဟိုကြားမှာ ပြသနာတွေ ရှိနေတယ်ဆိုတဲ့ အပေါ်မှာလည်း ငြင်းဆန်သွားခဲ့ပြီး သူ့အနေနဲ့ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ချင်တဲ့ဆန္ဒ ရှိနေဆဲပဲလို့လည်း ဆိုလိုက်ပါတယ်။

မန်ယူအသင်းခေါင်းဆောင် ရွန်နီကလည်း စတိုင်ဂါရဲ့ လက်ရွေးစင် ကစားသမားဘဝအတွက် ဂုဏ်ယူကြောင်း တွစ်တာကနေ ရေးသားခဲ့ပြီး ဂျာမနီ ကစားသမားဟောင်း ဒီဒီဟာမန်းကလည်း စတိုင်ဂါဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ဂုဏ်ပြုခဲ့ပါတယ်။

Ref: BBC