News

POST TYPE

SPORTS

ပရီးမီးယားလိဂ် နွေရာသီ အပြောင်းအရွှေ့အတွင်း ပေါင် သန်း (၁၀၀၀) ကျော်အထိ စံချိန်တင် အသုံးပြု
01-Sep-2016
၂၀၁၆-၁၇ ဘောလုံးရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ကတော့ ပြီးခဲ့တဲ့နှစ်က အများဆုံးဖြစ်ခဲ့တဲ့ စံချိန်ပမာဏ ပေါင် သန်း (၈၇၀) ကို ကျော်ဖြတ်သွားခဲ့ပြန်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးနေ့မှှာ ပေါင် (၁၅၅) သန်းအထိ အသုံးပြုခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေကြောင့် ဒီရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ စုစုပေါင်း ပမာဏဟာ ပေါင် (၁.၁၆၅) ဘီလီယံအထိ မြင့်တက်သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် အပြောင်းအရွှေ့ ပမာဏ ဖြစ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကလပ် အသင်း (၂၀) ထဲက ထိပ်ဆုံး (၁၃) သင်းဟာ သူတို့ရဲ့ အပြောင်းအရွှေ့ အသုံးစရိတ် စံချိန်တွေကို ကျော်ဖြတ်ခဲ့ကြတာပါ။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် ရုပ်သံထုတ်လွှင့်ခွင့် ဝင်ငွေ စုစုပေါင်း ပေါင် (၅.၁) ဘီလီယံအထိ ရရှိခဲ့ကြပြီးတဲ့နောက် ကစားသမား ခေါ်ယူမှုတွေအတွက် သူတို့ရဲ့ ပိုက်ဆံတွေကို အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းတစ်သင်း အနေနဲ့ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပျမ်းမျှ ပေါင်သန်း (၆၀) လောက်အထိ အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေကြပါတယ်။

အာဆင်နယ်၊ မန်စီးတီး၊ လက်စတာနဲ့ စပါးတို့ အသုံးပြုခဲ့တဲ့ ကစားသမားခေါ်ယူမှု အသုံးစရိတ်ဟာ ပေါင် (၃၈၅) သန်းအထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပမာဏ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်လောက် ရှိခဲ့ကြပါတယ်။

Ref: BBC