News

POST TYPE

SPORTS

ဟာရီရာကိုခေါ်ယူရန် အက်သလက်တီကို ကမ်းလှမ်းလာခဲ့ပါက ဆောလ်နီဂွက်ဇ်ကို အပြန်အလှန်ဝယ်ယူရန် မန်ယူ ကြိုးပမ်းမည်
13-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၃

မန်ယူအသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၎င်းတို့၏ကွင်းလယ်ကစားသမား ဟာရီရာကိုခေါ်ယူရန် အက်သလက်တီကိုဘက်က တရားဝင် ကမ်းလှမ်းဆက်သွယ်လာခဲ့မည်ဆိုပါက အပြန်အလှန်အားဖြင့် အက်သလက်တီကိုကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကိုခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

မန်ယူနှင့် ဟာရီရာအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ဟာရီရာကို စာချုပ်သစ်ချုပ်ရန် အဆင်မပြေခဲ့ပါက မူလစာချုပ်တွင်ပါရှိသည့် အချက်တစ်ခုကို လက်ကိုင်ပြု၍ မန်ယူက အသင်းတွင် ဆက်ထိန်းထားရန် စီစဉ်ထားပြီလည်းဖြစ်သည်။

ဟာရီရာသည် ၂၀၁၄ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပိန်လာလီဂါကလပ် ဘီလ်ဘာအိုမှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၉ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ယင်းအပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက်အကြား စာချုပ်ချုပ်ဆိုရာတွင် ဟာရီရာ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျပါက ကန်ထရိုက်စာချုပ်သက်တမ်းကို တစ်နှစ်သက်တမ်း အလိုအလျောက် ထပ်မံတိုးမြှင့်နိုင်ရန် မန်ယူက သဘောတူညီမှု ရယူထားခဲ့ပြီးဖြစ်သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် အသင်းကစားကွက်ကို အပြောင်းအလဲတစ်ရပ် လုပ်ဆောင်ရန်အတွက် ဟာရီရာကို အလိုရှိနေခြင်းဖြစ်ပြီး အကယ်၍ ဆောလ်နီဂွက်ဇ်ကို အက်သလက်တီကိုဘက်က ရောင်းထုတ်ပေးမည်ဆိုပါက ဟာရီရာကို ယင်းအပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် မန်ယူက ပေးအပ်လိုက်ဖွယ်ရှိနေသည်။



  • VIA