News

POST TYPE

SPORTS

အဆန်ဆီယိုကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၇၇ သန်း၊ တစ်ပတ်လုပ်ခလစာ ပေါင် ၄၆၁,၀၀၀ ဖြင့် ကမ်းလှမ်းရန် မန်ယူ ပြင်ဆင်
13-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၃

မန်ယူအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အဆန်ဆီယိုကိုခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး အဆန်ဆီယိုအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၄၄ သန်း၊ တစ်ပတ်လုပ်ခလစာ ပေါင် ၄၆၁,၀၀၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ရန် မန်ယူက စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Don Balon က ဖော်ပြထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ပေါ့ဂ်ဘာကို ဒဏ်ရာပြဿနာကြောင့် အနားပေးလိုက်ရချိန်တွင် အသင်းကွင်းလယ်အားနည်းသွားခဲ့သည့် ပြဿနာကို ဖြေရှင်းအတွက် ထိပ်တန်းအဆင့်ကစားသမားအချို့ မဖြစ်မနေ ခေါ်ယူရလိမ့်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အဆန်ဆီယိုအပြောင်းအရွှေ့အတွက် ရီးရဲလ်မက်ဒရစ်နှင့် ဆွေးနွေးညှိနှိုင်းကြည့်ရန် မန်ယူက ကြိုးပမ်းသွားဖွယ်ရှိနေသည်။

မော်ရင်ညိုသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၎င်းကို ငွေကြေးအလုံးအရင်း သုံးစွဲ၍ အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် လုပ်ဆောင်ခွင့်ပေးရမည်ဟု တောင်းဆိုထားပြီဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာကဲ့သို့ စိတ်ကြိုက်လူဝယ်ယူခွင့် မရရှိပါက မော်ရင်ညိုမှာ မန်ယူကို စွန့်ခွာသွားနိုင်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက်လည်း ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရာနေးကို ခေါ်ယူလိုလျက်ရှိပြီး ဗာရာနေးကို အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပေးအပ်မည်ဆိုပါက ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ် မျက်စိကျနေသည့် ဂိုးသမား ဒီဂီယာကို ရောင်းထုတ်ပေးလိုက်ရန်အထိပင် မော်ရင်ညိုက စီစဉ်ထားပြီဖြစ်သည်။



  • VIA