News

POST TYPE

SPORTS

မန်စီးတီးကွင်းလယ်လူ နာဆရီ ဆီးဗီးလားသို့ အငှားဖြင့် ပြောင်းရွှေ့မည်
31-Aug-2016
မန်စီးတီးအသင်း၏ ကွင်းလယ် ကစားသမား နာဆရီမှာ ဆီးဗီးလား အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိခဲ့ပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူမှာ ဆီးဗီးလား အသင်းနှင့် ဆေးစစ်မှု ပြုလုပ်ရန်သာ ကျန်ရှိတော့သည်ဟု Goal.com မှ ဖော်ပြခဲ့သည်။

မန်စီးတီးအသင်း အနေနှင့် နာဆရီအား ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်တွင် ရောင်းချ လိုသော်လည်း ခေါ်ယူလိုသည့် အသင်း မရှိခြင်းကြောင့် ဆီးဗီးလားသို့ အငှားဖြင့် သွားရောက် ကစားစေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

နာဆရီမှာ အားလပ်ရက် အနားယူပြီး အသင်းသို့ ပြန်လာစဉ် ခန္ဓာကိုယ် အလေးချိန် များပြား နေသည့်အတွက် လေ့ကျင့်ခန်း အစီအစဉ်များကို တစ်ဦးတည်း လုပ်ဆောင်ရပြီး နည်းပြ ဂွာဒီယိုလာ အနေနှင့်လည်း နာဆရီအား ပွဲထွက်ခွင့်ပြုရန် ငြင်းပယ်ခဲ့သည်။

နာဆရီသည် ပြီးခဲ့သည့် ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် ၁၂ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့သည်။
Ref:Goal.com


  • VIA