News

POST TYPE

SPORTS

အာဆင်နယ် နောက်ခံလူ ချန်ဘာအား မစ်ဒယ်ဘရော့ အငှားဖြင့်ခေါ်ယူ
31-Aug-2016

ပရီးမီးယားလိဂ်ကလပ် မစ်ဒယ်ဘရော့ အသင်းသည် အာဆင်နယ် အသင်း၏ နောက်ခံ ကစားသမား ချမ်ဘာအား တစ်ရာသီ အငှား စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

စတုခ်၊ ဝက်စ်ဟမ်းနှင့် ရိုးမား အသင်းတို့မှ အလို ရှိနေခဲ့သည့် ချမ်ဘာအားမစ်ဒယ်ဘရော့အသင်းက အရခေါ်ယူသွားနိုင်ခဲ့ခြင်း ဖြစ်ပြီး မစ်ဒယ်ဘရော့နည်းပြ ခရန်ကာအတွက် စိတ်ကျေနပ်စရာ ကစားသမား ဖြည့်တင်းမှုလည်း ဖြစ်ခဲ့သည်။

ဆောက်သမ်တန်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့သော ချမ်ဘာမှ အာဆင်နယ်တွင် နေရာရရန် ရုန်းကန်နေရသူ ဖြစ်ပြီး ဘယ်လာရင်၊ မွန်ရီယယ်တို့၏ ခြေစွမ်းအား ကျော်လွန်နိုင်ခြင်း မရှိသောကြောင့် အရန်ခုံတွင်သာ အချိန် ကုန်ဆုံးခဲ့ရသည်။

ချမ်ဘာက ၎င်း၏ တွစ်တာ အကောင့်တွင် မစ်ဒယ်ဘရော့အသင်း၏ ခေါ်ယူမှုကို ခံရသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် အသင်းနှင့် တွဲဖက် ကစားရန် မစောင့်နိုင်တော့ကြောင်း ရေးသားသွားခဲ့သည်။

Ref: Skysports



  • VIA