News

POST TYPE

SPORTS

မက်ဆီနှင့် စာချုပ်သက်တမ်း တိုးနိုင်ရေးအတွက် ဘာစီလိုနာ ကြိုးပမ်း
30-Aug-2016
ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီအား စာချုပ်သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိနေပြီး ကစားသမားနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု အသင်းဥက္ကဋ္ဌ ဘာတိုမြူက ဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်သော မက်ဆီနှင့် ဘာစီလိုနာတို့၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်အထိ ရှိနေသေးသော်လည်း ဘာစီလိုနာ အသင်းအနေဖြင့်မူ မက်ဆီအား အနည်းဆုံး ၃ နှစ်သက်တမ်း တိုးနိုင်ရန် ကြိုးစားနေသည်။

“မက်ဆီနဲ့ ဘာစီလိုနာဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ပါသေးတယ်။ ဒါပေမယ့် သူ့ကို စာချုပ်သက်တမ်း တိုးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကလည်း အသင်းမှာ သူ့ကို ဆက်ရှိစေချင်တာကြောင့်ပါပဲ”ဟု ဘာတိုမြူက ပြောသည်။

မက်ဆီအနေဖြင့် အခွန်တိမ်းရှောင်မှုနှင့် ပတ်သက်၍ နာမည်ပျက်များ ရှိနေခဲ့သော်လည်း ဘာစီလိုနာအသင်းကမူ ကစားသမား တစ်ဦးအနေဖြင့် ဖြစ်လေ့ဖြစ်ထ ရှိသည့် ကိစ္စရပ်များသာ ဖြစ်ခြင်းကြောင့် နားလည်ပေးနိုင်ကြောင်း ဆိုထားသည်။

လက်ရှိတွင် တံကောက်ကြော ဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်နေရသည့် မက်ဆီမှာ မကြာခင် ရက်ပိုင်းအတွင်း ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေသည်ဟု ဘာစီလိုနာအသင်း ဆေးအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

Ref: Goal.com


  • VIA