News

POST TYPE

SPORTS

လီဗန်တေး ကစားသမားကို လူမျိုးရေး ခွဲခြားစော်ကားခဲ့တဲ့ ကာဗာဂျယ်လ်
15-Sep-2017

ရီးရဲလ်မက်ဒရစ် ညာနောက်ခံ ကစားသမား ကာဗာဂျယ်လ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗန်တေးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လီဗန်တေး ကွင်းလယ်လူ လာမာကို မျောက်လို့ခေါ်ပြီး လူမျိုးရေး ခွဲခြားစော်ကားခဲ့ပါတယ်။

ကာဗာဂျယ်လ်ဟာ ပွဲကစားချိန်ဒုတိယပိုင်းမှာ လာမာကို အခုလိုမျိုး စော်ကားလိုက်တာပါ။

ကွင်းလယ်ဒိုင်လူကြီးက ဒီဖြစ်စဉ်ကို မမြင်လိုက်တဲ့အတွက် ကာဗာဂျယ်လ်တစ်ယောက် အရေးယူ မခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က ရုပ်သံမှတ်တမ်းတွေကြည့်ပြီး စွဲချက်တင်တာမျိုး လုပ်လာခဲ့ရင်တော့ ကာဗာဂျယ်လ်ဟာ ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာပဲ ဖြစ်ပါတယ်။