News

POST TYPE

SPORTS

အစ္စကိုကို စာချုပ်သစ်ချုပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်
15-Sep-2017
ရီးရဲလ်မက်ဒရစ်ဟာ အသင်းကွင်းလယ်ကစားသမား အစ္စကိုကို ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါပြီ။

ဒီစာချုပ်အရ အစ္စကိုဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇွန်လတိုင်တဲ့အထိ ရီးရဲလ်မက်ဒရစ်ဆီမှာ ဆက်ရှိသွားတော့မှာပါ။

အသက် ၂၅ နှစ်အရွယ် အစ္စကိုရဲ့ တစ်နှစ်လုပ်ခ လစာဟာ စာချုပ်သစ်အရ ပေါင် ၅ ဒသမ ၃၄ သန်းအထိ မြင့်တက်လို့ သွားခဲ့ပါပြီ။

ဒီစာချုပ်သစ်ရဲ့စာချုပ်ဖျက်သိမ်းခ တန်ကြေးကို ရီးရဲလ်မက်ဒရစ်က ပေါင် ၆၂၅ သန်း သတ်မှတ်လိုက်တယ်လို့လည်း Marca သတင်းစာက သတင်းဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အစ္စကိုကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားမှုတွေ ရှိနေလို့ စာချုပ်သစ်ကို ခပ်မြန်မြန်ပဲ အကောင်အထည်ဖော်လိုက်တာပါ။