News

17-Nov-2018
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်သည် အသင်းနည်းပြ မော်ရင်ညိုကို စိတ်ကြိုက်ငွေသုံးစွဲရန် အခွင့်အေရးပေးကာ နောက်ဆုံးတစ်ကြိမ်အဖြစ် မန်ယူအသင်းတာဝန်ရှိသူများဘက်က စမ်းသပ်ကြည့်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
17-Nov-2018
ဖူလ်ဟမ်နည်းပြသစ် ရာနီရေးရီသည် အသင်းကစားသမားများကို ဂိုးမပေးရသည့်ပွဲစဉ်ရရှိစေရန် ဖန်တီးနိုင်ခဲ့ပါက မက်ဒေါနယ်အစားအသောက်များ တစ်ကြိမ်စီ ၀ယ်ကျွေးမည်ဟု ကတိပြုပြောကြားလိုက်ပြီး ဖူလ်ဟမ်၏အဓိကအားနည်းချက်မှာ ခံစစ်ဖြစ်နေခြင်းကြောင့် ခံစစ်ကို ပြုပြင်နိုင်ရန် နည်းလမ်းရှာဖွေရလိမ့်မည်ဟုလည်း ရာနီရေးရီက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
17-Nov-2018
ချယ်လ်ဆီးအသင်းသည် လိုင်ယွန်ထံသို့ရောင်းထုတ်လိုက်ပြီဖြစ်သော ဘာထရန် ထရာအိုရေးကို ၀ယ်ယူရာတွင် ဖီဖာက ထုတ်ပြန်ပြဌာန်းထားသော အပြောင်းအရွှေ့ဈေးကွက်ဆိုင်ရာမူဝါဒစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ဆေးခံနေရပြီဖြစ်ပြီး ယင်းအချက်ကြောင့် လာမည့်ဇန်နဝါရီဈေးကွက်တွင် ချယ်လ်ဆီးက ကစားသမားအချို့ခေါ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
16-Nov-2018
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစ၍ ပရီးမီးယားလိဂ်တွင် VAR(ဗီဒီယိုလက်ထောက်ဒိုင်လူကြီး)နည်းပညာကို အသုံးပြုသွားတော့မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် အစီအစဉ်မူကြမ်းကို အပြည်ပြည်ဆိုင်ရာဘောလုံးအားကစားနည်းဘုတ်အဖွဲ့နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့ထံသို့ ပေးပို့ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
16-Nov-2018
အင်္ဂလန်က အမေရိကန်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ကစားသွားခဲ့သော တိုက်စစ်မှူး ရူနီသည် ယူရို ၂၀၀၄ ပြိုင်ပွဲတွင် ၎င်းသာ ဒဏ်ရာမရရှိခဲ့ပါက ချန်ပီယံဖြစ်မည့်အသင်းမှာ အင်္ဂလန်သာဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
16-Nov-2018
ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်း၏လုပ်ခလစာပေးချေရမှုသည် ယမန်နှစ်ဘောလုံးရာသီကထက် ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီတွင် အသင်းကစားသမားများကို မန်ယူပေးချေရမည့် လုပ်ခလစာပမာဏစုစုပေါင်းမှာ ပေါင် ၃၀၈ သန်းရှိကြောင်း Daily Mail က ဖော်ပြထားသည်။
15-Nov-2018
ရှုံးပွဲမရှိစံချိန်ဖြင့် ကစားသမားဘ၀က အနားယူသွားခဲ့သော အမေရိကန်လက်ဝှေ့ကစားသမား မေ၀ယ်သာသည် ၎င်းကို ကမ္ဘာတစ်ဝန်းရှိ သန်းကြွယ်သူဌေးများက ထိုးသတ်ကြေးပမာဏများစွာရရှိနိုင်မည့် အထူးစိန်ခေါ်ပွဲအချို့ ၎င်းတို့အတွက် သီးသန့်ထိုးသတ်ပေးပါရန် ကမ်းလှမ်းထားသည်ဟု အသိပေးပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
15-Nov-2018
ဖူလ်ဟမ်အသင်းပိုင်ရှင် ရှာဟစ်ဒ်ခန်းသည် အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးလိုက်သော ရာနီရေးရီကို လက်ရှိဘောလုံးရာသီတွင် ဖူလ်ဟမ်ကို တန်းမဆင်းရစေရန် စွမ်းဆောင်ပေးနိုင်ခဲ့မည်ဆိုပါက အပိုဆုကြေးအကျိုးခံစားခွင့်အဖြစ် ပေါင်တစ်သန်းပေးအပ်သွားမည်ဟု ကတိပြုထားကြောင်း The Sun က ဖော်ပြထားသည်။
15-Nov-2018
မန်စီးတီးနောက်ခံလူ မင်ဒီသည် ဘယ်ဘက်ဒူးရှိ အရိုးနုပျက်စီးသွားသည်ကို ခွဲစိတ်ကုသမှု ခံယူလိုက်ပြီဖြစ်ပြီး ဒဏ်ရာသက်သာပျောက်ကင်းရန် အချိန်ယူရဖွယ်ရှိနိုင်သည့်အတွက် မင်ဒီမှာ ကာလအတန်ကြာ နားရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
15-Nov-2018
ချယ်လ်ဆီးအသင်းသည် ဘာထရန် ထရာအိုရေးကို ခေါ်ယူရာတွင် ဥပဒေချိုးဖောက်ခဲ့သည့်အတွက် ကစားသမားအပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှု ၂ နှစ်ပိတ်ခံရဖွယ်ရှိနေပြီဖြစ်ပြီး ယခုတစ်ကြိမ် ချမှတ်ခံရမည့်ပြစ်ဒဏ်မှာ ချယ်လ်ဆီးအတွက် အမြင့်ဆုံးသောပြစ်ဒဏ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
15-Nov-2018
အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသော တိုက်စစ်မှူး ရူနီသည် ၎င်းအနေနှင့် မန်ယူထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သောအချိန်များကို လွန်စွာလွမ်းဆွတ်သတိရမိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီး အခွင့်ရမည်ဆိုပါက ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုကို မန်ယူထံတွင် အဆုံးသတ်ခွင့်ရလိုကြောင်းလည်း ရူနီက ထပ်လောင်း အသိပေးသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
15-Nov-2018
ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိနေသည့် ဂလေဇာမိသားစုဝင် အေဗရမ်ဂလေဇာသည် ဆော်ဒီအာရေဗျမင်းသား ဘင်ဆယ်မန်း၏ကိုယ်စားလှယ်အချို့နှင့်သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းမှာ မန်ယူအသင်း အရောင်းအ၀ယ်ကိစ္စသာ ဖြစ်ရလိမ့်မည်ဟု သတင်းမီဒီယာများက သုံးသပ်ထားကြောင်း Daily Star က ဖော်ပြထားသည်။
14-Nov-2018
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတွင် ဇယားအောက်ခြေ အဆင့် ၂၀ နေရာသို့ ရောက်ရှိနေသည့် ဖူလ်ဟမ်အသင်းသည် အသင်းကို ချန်ပီယံရှစ်မှနေ၍ ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်နိုင်စေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ ဂျိုကိုနိုဗစ်ကို ရာထူးက ထုတ်ပယ်ကာ ယင်းအစား လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့ဖူးသူ နည်းပြ ရာနီရေးရီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
14-Nov-2018
ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သော ဟယ်ရီရက်နပ်သည် မန်ယူနည်းပြ ဖာဂူဆန်မှာ ဂျိုးကိုးလ်ကို ခေါ်ယူရန်အတွက် နည်းလမ်းမျိုးစုံသုံး၍ ကြိုးပမ်းခဲ့ဖူးကြောင်း အသိပေးလိုက်ပြီး ဖာဂူဆန်မှာ ဂျိုးကိုးလ်ကိုခေါ်ယူနိုင်ခဲ့မည်ဆိုပါက ကျောနံပါတ် ၁၀ ကို ပေးအပ်ဝတ်ဆင်ရန်အထိ စီစဉ်ထားခဲ့ကြောင်းလည်း ရက်နပ်က ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Nov-2018
ချယ်လ်ဆီးတိုက်စစ်မှူး ဂျီရုဒ်နှင့် ပီအက်စ်ဂျီနောက်ခံလူ ကင်ပင်မ်ဘီတို့သည် အသစ်ထွက်ရှိမည့် ပင့်ကူလူသား ရုပ်ရှင်ကားတွင် နောက်ခံအသံဖြင့် သရုပ်ဆောင်ပေးကြလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။