19-Aug-2020
ကိုဗစ်ကာလအတွင်း ကျန်းမာစွာနေထိုင်နိုင်ဖို့ အိပ်ချိန်၊ စားချိန်လည်းမှန်ဖို့ဂရုစိုက်ရပါမယ်။ကိုဗစ်ဟာ လူတွေရဲ့ကိုယ်ခံအားကိုစမ်းသပ်နေတဲ့ ရန်သူဆိုတာလည်းမမေ့သင့်ပါဘူး။ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ပြုလုပ်သင့်ပါတယ်။ ဘယ်လိုလူမှ အသက်အပိုမပါတာမို့ ကိုဗစ်ကာလမှာ အပြင်သွားဖြစ်လျှင်လည်း ယခင်ကာလတွေလိုပြီးစလွယ်နေလို့မဖြစ်ပါဘူးဆိုတာ သိထားစေချင်သလို၊ ကိုဗစ် မပြီးသေးကြောင်းလည်း မှတ်ယူထားစေချင်မိပါ တယ်။ ကိုဗစ်တစ်ကျော့ပြန် ခေါင်းမထောင်လာစေဖို့ ကိုဗစ်ဒုတိယလှိုင်းဆိုတဲ့ စကားလုံးကိုလည်း ရင်ထဲမှာ ကိန်းအောင်းနှလုံးသွင်းရင်း သတိ-ဒုတိယ လှိုင်းလာတတ်သည်။