News

11-Jun-2017
နောက်ဆို မြန်မာပြည်မယ် တရားသူကြီးတောင် ရှိတော့မယ် မထင်။ ဘာလို့လဲဆိုတော့ အမိန့်ချတဲ့ တရားသူကြီးကို မကျေမနပ်ဖြစ်။ ပြီးတော့ တရားသူကြီးပုံတွေနဲ့ အကောင့်တုလုပ်။ အစိုးရကို ဆဲ။ ဒါဆို တရားသူကြီးလည်း အဖမ်းခံရမှာပဲ။
04-Jun-2017
“မောင်ဗြိ ငါတို့ ငါးပိကြော်လာပို့ပေးမယ်” တဲ့။ နေပါဦး…ထောင်ထဲဝင်ရင် ငါးပိကြော်ပဲ ပို့ရမယ်လို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားသလားဗျာ။ တကယ်ဆို ကြက်ကြော်၊ ဝက်ကြော်စား ကောင်းတာလေးကို အထားခံအောင်လုပ်ပြီး ပို့လည်းရတာကိုး။
28-May-2017
ကိုဗြိ...ကျွန်တော် အခုလို မတည်မငြိမ် ဖြစ်နေတာ့ ဒီနာမည်ကြီး စီးနေလို့ဖြစ်မယ် ထင်တယ်ဗျ... ခင်ဗျား ကျွန်တော့်ကို နာမည်တစ်ခုတော့ ပြောင်းပေးဗျာ...နာမည်ပြောင်းလိုက်ရင် ကျွန်တော်လည်း အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားမှာ သေချာတယ်။ အဲ...ကျွန်တော်က ကြာသပတေးသား ဆိုတော့ ကြာသပတေးနံပါအောင်တော့ မှည့်ပေး”
21-May-2017
ဖမ်းဆီးရမိသူ အချို့အား စာပေဗိမာန် စာကြောရေးစခန်းသို့ ပို့ကာ ရက်ရက်စက်စက် စာဖတ်ခိုင်းခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်ကြလေသည်။ တစ်ခါတစ်ရံ တက်ကျမ်းစာအုပ်များ ဖတ်ခိုင်းသည်အထိ ရက်ရက်စက်စက် နှိပ်ကွပ်ကြလေ၏။
14-May-2017
“ဟာ...ကိုကြီးဗြိ...ကလည်း...ခင်ဗျားတယ် ညံ့သကိုးဗျ...ဖေ့ဘွတ်လေး ဘာလေးက သတင်းတွေ နားစွင့်လေဗျာ...ဟိုနေ့ညက ရန်ကုန်မြို့ထဲက ရပ်ကွက်မှာ ညဘက်ကြီး ဧည့်စာရင်းဝင်စစ်တဲ့ လဝကတွေက ဒီလို တိုက်ပုံအမည်းတွေ၊ ကော်လာကတုံးတွေ၊ ယောပုဆိုးတွေနဲ့ဗျ... အဲ့ဒီလို ဝတ်ထားရင် ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်လို့ ရတယ်ဗျ... ဒါတောင်မသိဘူးလား”
07-May-2017
“သြော်...အဘနှယ်...နွားလှည်းဆိုတာ ကားလို ဘက်ဂီယာထိုးပြီး နောက်ပြန်ဆုတ်လို့ မရဘူးလေ... အိပဲ့ အိပဲ့သာ သွားနေတာ နောက်ပြန်တော့ ဆုတ်လို့မရတဲ့ ဥပဒေ...ဒါကြောင့် မိုးမှောင်တို့ သူခိုးအုပ်စုကို ဒီဥပဒေအရ အရေးယူလို့ မရဘူးတဲ့”
30-Apr-2017
“သေချာပါတယ်...ကွီး...အေးအေးဆေးဆေး သာ ရုံးတက်ပါတော့... နေလည်းသိပ်ကောင်းတာမဟုတ်တော့... နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ...ဟတ်ထိမယ့် အလုပ်တွေ သိပ်မလုပ်ပါနဲ့”
23-Apr-2017
“ဆရာရယ်... လူငယ်တွေသဘာဝ ပျော်ခွင့်ပေးလိုက်ပါတော့လား... ဒီနှစ်ဆို မဏ္ဍပ်တွေ နည်းလွန်းလို့ အချို့အဆိုတော်တွေဆို မဏ္ဍပ်မရဘဲ တောပြန်ပြီး ဘောကန်နေကြရပြီ... အခု သက်ထွေးက မဏ္ဍပ်ရပြီ ဆိုတော့ ကံကောင်းတာရှင်... ပြီးတော့ ကျွန်မတို့ လမ်းထိပ်က ခြံဝင်းထဲမှာ မိသားစု မဏ္ဍပ်လေးပဲ ထိုးမှာပါရှင်”
02-Apr-2017
“ငါက…ဗိုလ်အောင်ဒင်…နင်က…ဒါကိုမမြင်…ငါ့အသည်းကို…ခလုတ်တိုက်သွားတယ်… မိန်းကလေးရယ်…မင်းမိုက်တယ်…” ဟူသောသီချင်း သံကို စောစောကထက် ဘော်လွန်းကိုတိုး၍ ဖွင့်လေ၏။ ထိုသီချင်းသံကို ဘော်ဒါယုန် ကြားသော် အလှူခံမှန်းမသိ၊ နားနှစ်ဖက်ပိတ်ပြီး ဇွတ်အိပ်၏။ အိပ်သော် အိပ်မရ။ ကြိုးစား၍ သီလဆောက်တည်သော်လည်း မရ။
26-Mar-2017
တကယ်တမ်း သုံးသပ်ကြည့်ရရင်တော့ အမှန်လည်း စည်းလုံးကြပါတယ်။ အမျိုးကို ချစ်ကြပါတယ်။ စည်းလုံးဆို အပြင်နိုင်ငံတွေနဲ့ ရန်မဖြစ်ဘူး။ အထဲမှာပဲ ကိုယ့်အချင်းချင်း ပတ်ဆော်နေကြတော့တာ။
19-Mar-2017
“အဲ့ဒါ ရပ်ကွက်ထဲက မွေးကင်းစ ကလေးအမေတွေဗျ...ခင်ဗျား...အမတ်ဆို...အခုပဲ ကျုပ်တို့ကလေးတွေကို အမည်ပေး ကင်ပွန်းတပ်ပေးပါ...မတပ်ပေးရင် သပိတ်မှောက်မယ်၊ ဆန္ဒပြမယ်...တောခိုတယ်”
12-Mar-2017
“ဘာလုပ်ရမှာလဲ အစ်မရဲ့... နယ်ပြန်မှာပေါ့။ ဒီတစ်နှစ်ပဲ ဒီလိုဆယ်ရက်ရတော့မှာ...နောက်ဆို ဒီ အစိုးရနဲ့တော့ ငါးရက်တောင် သေချာပါ့မလားပဲ...မူဝါဒတွေကို ချက်ချင်းကြီးပြောင်းတော့ အနာကို အစိမ်းချုပ် ချုပ်သလိုပဲ... ဒီနိုင်ငံမှာ ဝန်ထမ်းဖြစ်ရတာလည်း မလွယ်ပါဘူးဗျာ”
26-Feb-2017
အရင်က ယဉ်ကျေးလွန်းတဲ့ ရသေ့တို့ရဲ့ကျေးသားလေးဟာ ဘာကြောင့် ရိုင်းစိုင်းတဲ့ကျေးသား ဖြစ်သွားတာလဲဆိုပြီး မင်းကြီးနဲ့တကွ မှူးမတ်များဟာ အံ့အားသင့်သွားလေရဲ့။
19-Feb-2017
ပထမပင်လုံ၊ ဒုတိယပင်လုံ၊ တတိယပင်လုံမှသည် ၁၀၁ ကြိမ်မြောက် ပင်လုံတွေ ဘာတွေဖြစ်ကုန်သဖြင့် ပင်လုံမြို့သည် တိုင်းရင်းသားရိုးရာ ဝတ်စုံနှင့် အစားအစာပေါင်းစုံ ရောင်းချသည့် ဈေးတန်းကြီးတွေ၊ ရှောပင်းမောကြီးတွေနှင့် ဖြစ်ကုန်လေပြီ။
12-Feb-2017
အုတ်နီခဲကျိုး တစ်လုံးဖြင့်ပင် အကြမ်းဖက်သမားကို လက်ရဖမ်းပြခဲ့ပြီ။ ဒီလိုဆိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လေသံဖြင့် အုတ်နီခဲ ရှိနေပြီပဲ... သေနတ်တွေ မလိုတော့ပါဘူးဟု မဆိုလင့်နှင့်။