News

03-Feb-2018 tagged as
စိတ်ရောဂါကု ဆေးရုံဆင်း လက်မှတ်ကို အိတ်ကပ် ထဲထည့် ပန်းရောင်အင်္ကျီကို ဝတ်ဆင်လျက် တော်လှန်ရန် လမ်းမထက် ထွက်ခဲ့ချေပြီ။ တွေ့တဲ့သူကို သေနတ်နှင့် ပစ်ချင်ပစ်မည်။ ဓာတ်ဆီပုလင်းနှင့် ပစ်ချင်ပစ်မည်။ အခြေအနေ ကောင်းလျှင် သူရဲကောင်းကြီးအဖြစ် ဟိုလူတွေက ကိုးကွယ်ကြမည်။ အခြေအနေ မကောင်းလျှင်ရော ... စိတ်ရောဂါ ဆေးရုံဆင်း လက်မှတ်လေးသာ ပြလိုက်။
27-Jan-2018 tagged as
အဲ့တော့ ဥရောင်းမယ်ဆိုတဲ့ လူတွေကို ဆက်သွယ်တယ်။ သူတို့လည်း အံ့ဩသွားတယ်။ တကယ်လားတဲ့ ...။ လူတွေကလည်းသိတဲ့အတိုင်း တကယ်တမ်း ဝယ်မယ်လည်းဆိုရော ... မိန်းမနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ မိဘနဲ့ တိုင်ပင်မယ့်လူနဲ့ ...။ နောက်ဆုံးလေးယောက်ပဲ ကျန်တယ်။ စိုပြေ့ သူငယ်ချင်း နှစ်ယောက်ကတော့ တကယ်ရောင်းမှာ ...။
21-Jan-2018 tagged as
“ကျားဆွဲတာ နောက်မှဗျ... တကယ်လို့ ပြည်ထောင်စုကြီး ပြိုကွဲသွားလို့ နိုင်ငံတွေများလာရင် ဆီးဂိမ်းမှာ နိုင်ငံတွေ အများကြီးဖြစ်သွားမယ်။ ဘောလုံးပြိုင်ပွဲ ဆို အရင်က အုပ်စုနှစ်စုကနေ အုပ်စုလေးစုတို့ ဘာတို့ ဖြစ်လာမယ်။ ကျုပ်တို့လည်း ဘောလုံးပွဲတွေ အကြာကြီး ကြည့်ရမယ်...ပြီးတော့ ...”
14-Jan-2018 tagged as
ဒီတော့ စိုပြေတို့ မြန်မာနိုင်ငံတော်ကြီးဟာ မင်္ဂလာတွေ ခဏခဏဆောင်ပြီး မင်္ဂလာရှိတဲ့ နိုင်ငံကြီးဖြစ်ပြီပေါ့။ တစ်ခုတော့ရှိတယ်။ မင်္ဂလာတွေ ဆောင်လွန်းတော့ စပွန်ဆာတွေ ပေးရတာနဲ့ ဟိုတယ်တွေ၊ ပိုးထည်တိုက်တွေ၊ ခရိုနီတွေလည်း စိတ်တော်တော်ညစ်မယ်ထင်တယ်။ ပြဿနာမရှိပါဘူး။ ခရိုနီတွေကိုလည်း လက်ဖွဲ့အနည်းအများပေါ်ကိုကြည့်ပြီး လုပ်ပိုင်ခွင့်တွေ ချပေးလိုက်မှာပေါ့။
07-Jan-2018 tagged as
ချွေတာရေး နိုင်ငံတော်ကြီးကား စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ အလွန် ချွေတာသဖြင့် အိမ်နီးချင်း နိုင်ငံများကပင် ကျော်တက်သွားကြလေပြီ။ သဘောကောင်းလေစွ။
31-Dec-2017 tagged as
ဘာလို့ ဒီရက်ပိုင်း အဖမ်းကြမ်းလဲ စုံစမ်းကြည့်တော့မှ ...။ အမေစု ပြန်ရောက်နေလို့တဲ့ ....။ ငါးဖမ်းတာကို အမေစုကြိုက် မကြိုက်တော့ မသိဘူး။ ဦးရဲကြီးတွေကတော့ ဖမ်းတာပဲ။ စိုပြေ့ စိတ်ထင် လုံခြုံရေးယူတာနေမယ်။ ငါးမျှားတဲ့ လူတွေက ကိုင်းတံတွေနဲ့ဆိုတော့ လက်နက်လား ဘာလားဆိုပြီး တစ်မျိုးတစ်မည် ထင်ပုံရတယ်။
24-Dec-2017 tagged as သတင်းမီဒီယာ
အဲ့ဒီလို...အချုပ်ထောင်တွေက သတင်းသမားများ ထွက်ချည်ဝင်ချည် ခိုနားရာဖြစ်တော့ ဘာဖြစ်တုံး။ ဒါဟာ တစ်ချိန်မှာ သတင်းမီဒီယာသမားတွေထဲက သမ္မတတွေ၊ ဝန်ကြီးတွေ ထွက်ပေါ်လာနိုင်တဲ့ နိမိတ်လို့သာ မှတ်ပေရော့။
17-Dec-2017 tagged as
အဲ့လို သတင်းထောက်တွေကို အကုန်ဖမ်းမှ နားအေးမှာ...။ နို့မို့ဆို အစိုးရနဲ့ စစ်တပ်ကို ဘာလဲ ဘယ်လဲဆိုပြီး မေးခွန်းတွေထုတ်။ အကြပ်ရိုက်အောင် လုပ်။ အခွန်တွေကောက်နေပါတယ် ရေးလို့ရေး။ ပြည်သူတွေ ငတ်နေပါတယ်ရေးလို့ရေး ...
10-Dec-2017 tagged as
သူ့ရှေ့တွင် ထိုင်နေသော ကိုတင်ငွေ ဦးဆောင်သူတစ်စုက သူ့ကို သေချာပြူးကြည့်ကြသည်။ ပင်နီတိုက်ပုံ လဲဝတ်ပြီးသော ဦးမြတ်လှသည် ရှက်ကိုးရှက်ကန်းဖြင့် နံရံထက်က သမ္မတပုံကိုကြည့်သည်။ ထို့နောက် မိမိချစ်သော ထိုင်ခုံလေးကို ကြည့်သည်။ “အေးလေ... သူတို့ဟာ သူတို့ ဘယ်သူပြောင်း ပြောင်း ... ငါ့ထိုင်ခုံလေး မပြောင်းရ ပြီးတာပဲ”
03-Dec-2017 tagged as
တစ်ဆက်တည်းမှာ ရန်ကုန်မြို့က မြေကြွက်ကြီးတွေအတွက်လည်း စိုးရိမ်မိတယ်။ သူတို့ကို မြေအောက်ရထားကြီးက တိုက်မိကုန်တော့မှာပဲ။ မြေကြွက်ကြီးတွေ သနားစရာ။ ကိုကြီးဖြိုးကို တစ်ခုတော့ တောင်းဆိုချင်သဗျာ...။ အဲ့လို မြေအောက်ရထားလုပ်မယ်ဆိုရင် ရန်ကုန်မြို့က မြေကြွက်ကြီးတွေကိုတော့ အရင်ဆုံး နေရာရွှေ့ပေးသင့်တယ်။ နို့မို့ဆို မြေကြွက်တွေ ဒုက္ခရောက်မှာ။ နေရာရွှေ့မပေးဘူးဆိုရင်တော့...။ စိုပြေက ကန့်ကွက်မှာပဲ။
26-Nov-2017 tagged as
အိမ်သူလေဒီ၏ ညည်းသံ၊ ညူသံများကြောင့် အစိုးရက ထပ်ခန့်သည့် လူကြီးများအကြောင်း အတွေး ကောင်းနေသော ကျွန်တော့်မှာ ခရမ်းချဉ်သီးအစိမ်း အစိတ်သားမှ သုံးဆယ်သား ဖြစ်လာသည့် ကိစ္စကိုသာ ဆက်တွေးရင်း ... မချိပြုံးလေး ပြုံးပြလိုက်ရလေတော့သတည်း။
19-Nov-2017 tagged as
ဒီကြားထဲမှာ စိုပြေဟာ ကံမကောင်း အကြောင်းမလှဖြစ်ပြီး အာဏာရသွားရင်တော့ ပြဿနာပဲ ...။ ဘာလို့တုံးဆိုတော့ စိုပြေကလည်း စိုပြေချစ်တဲ့ လူတွေပုံနဲ့ ငွေစက္ကူ ထုတ်ချင်တာကိုး ....။
12-Nov-2017 tagged as
“အိုဗျာ ... ဘာတဲ့ ပြည်သူထဲက လူတချို့ ပြောတာကြားခဲ့တယ် ... အစိုးရကလည်း တွေ့သမျှ အခွန်လိုက် ကောက်တာပဲတဲ့။ တွေ့သမျှ အခွန်တွေလိုက် ကောက်တယ်ဆိုကတည်းက သန့်ရှင်းရေး အားပေးတဲ့ အစိုးရမို့ပေါ့ဗျ ...”
04-Nov-2017 tagged as
ထိုအရာသည် မြန်မာပြည်သို့ လာရောက်မည့် နိုင်ငံခြားသား ဧည့်သည်များအတွက် ထုတ်ဝေထားသော ခရီးသွားလမ်းညွှန်များတွင်လည်း မပါရှိသေးသဖြင့် ဒီလောက် ဆိုးဝါးသည့်အရာ ရှိနေမည်ဟု သူ လုံးဝ ထင်မထားခဲ့။
29-Oct-2017 tagged as
ဘာသာပေါင်းစုံ မငြိမ်းချမ်းမချင်း ဆုတောင်းမယ်ဆိုရင်တော့ ...။ ပြဿနာ ရှိပြီ။ ရန်ကုန်မှာ ငြိမ်းချမ်းအောင်လား၊ ရခိုင်မှာ ငြိမ်းချမ်းအောင်လား ...၊ တစ်ကမ္ဘာလုံးမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ရအောင်လား ...။ ဒါဆိုရင်တော့ ငါးနှစ်လောက်လည်း မရလောက်ဘူး။ တစ်သက်လုံး လုပ်ရမယ်ထင်တယ်။