23-Jan-2021
လုပ်ပုံကလည်းကြည့်ဦး သတင်းစာရှင်းလင်းပွဲ များကို အငှားလိုက်ရှင်းလင်းပေးသော သတင်းစာ ရှင်းလင်းပွဲ အငှားလိုက်လုပ်ငန်းတဲ့။ ကမ္ဘာမှာတောင် မပေါ်ပေါက်သေးသောလုပ်ငန်းဖြစ်လောက်သည်။ ထို့ကြောင့် ကမ္ဘာလုံးချီ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆု တောင် ပေးထိုက်သူဖြစ်သည်။ ဒီလိုကပ်တီးကပ်ဖဲ့၊ အူကြောင်ကြောင်အလုပ်တွေကို ဆရာ မလို၊ အမိဝမ်း တွင်းပါ တတ်မြောက်နေသူတစ်ဦး ဖြစ်သည်။ ပြိုင်စံမပေါ် နိုင်ငံကျော် ဘဦးဖြစ်သည်။ ဆိုလိုချင်သည်မှာ ခေတ်ကိုမျက်ခြည်မပြတ် ဘာလုပ်စားရမည်ကို သိနေ သူဖြစ်သည်။ ရှစ်စပ်တင်မက အရပ်ဆယ်မျက်နှာပါ ဂျင်ဂျင်လည်သော ဘဦးဖြစ်သည်။