News

POST TYPE

RELAX

လှပချောမောခြင်းကလည်း အခက်အခဲတစ်ခုပဲလို့ ဟယ်လီဘယ်ရီ ပြော
16-Sep-2016

တစ်ချိန်က ဟောလိဝုဒ်ရဲ့ အလှဆုံး အမျိုးသမီးတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ခဲ့တဲ့ ဟယ်လီဘယ်ရီကတော့ ဟောလိဝုဒ် သရုပ်ဆောင်ဘဝမှာ သူမကြုံခဲ့ရတဲ့ အခက်အခဲတွေထဲက တစ်ချို့ကို W မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် ရှိနေပြီ ဖြစ်ပေမယ့်လည်း လှပနုပျိုနေဆဲဖြစ်တဲ့ ဟယ်လီဘယ်ရီက သူမရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ ပုံစံကြောင့် တစ်ချို့ဇာတ်ရုပ်တွေမှာ အံမဝင် ဖြစ်ခဲ့ရပြီး ပရိသတ်တွေလည်း သည်းခံကြည့်ရှု့ခဲ့ရလိမ့်မယ် ထင်ပါတယ်လို့ ဆိုလိုက်ပါတယ်။

Jungle Fever ရုပ်ရှင်ကားနဲ့ ၁၉၉၁ ခုနှစ်ကတည်းက ရုပ်ရှင်လောကကို ခြေချလာခဲ့တဲ့ ဟယ်လီဘယ်ရီဟာ Catwomen, X-men တို့လို နာမည်ကြီး ရုပ်ရှင်ကားတွေ အပါအဝင် ရုပ်ရှင်ကားပေါင်း ၃၀ ကျော်ကို ရိုက်ကူးထားပြီး ၂၀၁၇ ဇွန်လမှာ ထွက်ရှိမယ့် The Kingsman:The Golden Circle ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

“ကျွန်မက မော်ဒယ်လ်လောကကို ဖြတ်သန်းခဲ့ဖူးတဲ့သူ ဖြစ်လို့ အလှအပကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ သိပါတယ်။ ဒါပေမယ့် တစ်ချို့ဇာတ်ရုပ်တွေ အတွက်တော့ ကျွန်မရဲ့ အလှအပက တကယ့်ကို အနှောင့်အယှက်ဖြစ်ဖို့ ကောင်းပါတယ်” လို့ ဟယ်လီဘယ်ရီက ဆိုပါတယ်။

၂၀၀၂ ခုနှစ်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိထားတဲ့ ဟယ်လီဘယ်ရီဟာ အသက် ၅၀ အရွယ်မှာ နောက်ထပ် သရုပ်ဆောင်ဆုတစ်ခုကို ရဖို့ထက် ပြီးပြည့်စုံတဲ့ ဘဝအတွေးအခေါ်ကိုပဲ ရရှိချင်ပါတယ်လို့ သူမရဲ့ အင်တာဗျူးမှာ ထည့်သွင်းဖြေဆိုသွားပါသေးတယ်။

Ref: Dailymail.com