News

POST TYPE

RELAX

ကယ်တင်ရှင် မင်းသားလေးလို့ ပတ်ခ်ဟေးဂျင် နာမည်ရ
16-Sep-2016

တောင်ကိုရီးယားရဲ့ နာမည်ကျော် အမျိုးသား သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ပတ်ခ်ဟေးဂျင်ကတော့ သူ့ရဲ့ ကူညီတတ်တဲ့ စိတ်ထားနဲ့ ရက်ရောလှတဲ့ စေတနာတွေကြောင့် ကယ်တင်ရှင် မင်းသားလေးဆိုတဲ့ ဂုဏ်ပုဒ်ကို အနုပညာ အသိုင်းအဝိုင်းထဲမှာ ရရှိနေပါတယ်။

တရုတ်မှာရှိတဲ့ ကလေးငယ် ကူညီထောက်ပံ့ရေး အေဂျင်စီတစ်ခုကို ဝမ် သန်း ၆၀၀ (ဒေါ်လာ ၅၄၀၀၀၀) လှူဒါန်းခဲ့တဲ့ ပတ်ခ်ဟေးဂျင်ဟာ သူ့ရဲ့ လှူဒါန်းမှုတွေကြောင့် ပိုပြီး နာမည်ကျော်ကြားလာခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

ကလေးဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ကလေးတွေအတွက် တည်ထောင်ထားတဲ့ ကင်ဆာဖောင်ဒေးရှင်းတွေဆီကို အလှူငွေတွေ ထည့်ဝင်လေ့ရှိတဲ့ ပတ်ခ်ဟေးဂျင်ဟာ လက်ရှိအချိန်မှာ ဝမ် ၁.၇ ဘီလီယံ (ဒေါ်လာ ၁.၅ သန်း) လှူဒါန်းထားခဲ့ပြီး ဖြစ်တယ်လို့ သူ့ရဲ့ အေဂျင်စီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

‘ကလေးတွေအတွက် ကူညီကြပါ’ လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ အမြဲတမ်းရေးလေ့ရှိတဲ့ ပတ်ခ်ဟာ လက်ရှိ အသက် ၃၃ နှစ်အရွယ်အထိ လူလွတ်တစ်ယောက် အဖြစ်သာ ရှိနေသေးပြီး အိမ်ထောင်ပြုဖို့ထက် ကလေးတွေကို ကူညီဖို့က ပိုအရေးကြီးတယ်လို့ သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

Ref: Kpopherald